Wednesday, January 1, 2020

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့်
အဘိဓမ္မတက္ကသိုလ်တို့၏ ပါမောက္ခချုပ်
ဆရာတော် ဒေါက်တာဘဒ္ဒန္တ နန္ဒမာလာဘိဝံသ၏
၂၀၂၀ ပြည့်နှစ် နှစ်သစ်ကူးဩဝါဒ
Image may contain: 1 person, closeup
၂၀၂၀ ပြည့်နှစ် နိုင်ငံတကာ နှစ်သစ် ကူး နှစ်ဦးကာလ အခါသမယမှ စ၍ ကမ္ဘာသူ ကမ္ဘာ သား အားလုံး “သက်ရှည်၊ ကျန်း မာ၊ စိတ်ချမ်းသာ၊ လိုရာဆန္ဒ ပြည့်ကြ ပါစေ” ဟု ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။
ပြည်ထောင်စု ဖွား မြန်မာနိုင်ငံ မျိုးနွယ်စုသားအား လုံးသည် ချမ်းသာ သုခကို မြတ်နိုးကြပြီး ငြိမ်းချမ်းစွာနေထိုင်လိုကြသူများ ဖြစ်ကြပါ တယ်။ သို့သော် ယနေ့တိုင် လိုချင်ဆန္ဒ အပြည့်အဝ မရရှိကြသေး သည်မှာ သတိသမ္ပဇည အားနည်းနေခြင်းကြောင့်သာ ဖြစ်ပါတယ်။
သတိသမ္ပဇညကို တိုးမြှင့်လေ့ကျင့်ပြီး မလုပ်သင့်တာကိုရှောင်၍ လုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ကြရပါမယ်။ သို့မှသာ မိမိတို့ မျှော်လင့်ထားကြတဲ့ ချမ်းသာသုခနဲ့ ငြိမ်းချမ်းမှုကို ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။
မလုပ်သင့်တာ လုပ်နေသမျှ၊ လုပ်သင့်တာ မလုပ်သေးသမျှ မည်သူမှ ချမ်းသာသုခမရနိုင်ပါ။ မလုပ်သင့်တာ လုပ်နေသမျှ ဆိုးကျိုးနဲ့သာ ကြုံတွေ့ရမှာဖြစ်ပြီး လုပ်သင့်တာ မလုပ်သမျှ ကောင်းကျိုးချမ်းသာနဲ့ ဝေးကွာနေမှာ ဖြစ်ပါတယ်။
နိုင်ငံတကာနှစ်သစ်ကူး ၂၀၂၀ ပြည့်နှစ် နှစ်ဦးကာလမှအစပြု၍ သတိသမ္ပဇညတရား လက်ကိုင်ထားကာ အတ္တအကျိုး၊ ပရအကျိုး ပွားတိုးအောင် ဆောင်ရွက်နိုင်ကြပါစေ။

No comments:

Post a Comment