Wednesday, January 22, 2020

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဦးအုန်းမောင်တို့ နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက်နေသည့် The Last Resort အဖွဲ့နှင့် တွေ့ဆုံ




Image may contain: one or more people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၂၁


 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်တို့သည် နီပေါနိုင်ငံမှ Bungee Jumping လုပ်ငန်းဆောင်ရွက် နေသည့် The Last Resort မှ Executive Director နှင့်အဖွဲ့ကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန နီလာ ခန်းမ၌ တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် ရေးအတွက် လုပ်ငန်းဆောင်ရွက်နေမှု၊ နီပေါနိုင်ငံ The Last Resort ၏ Bungee Jumping နှင့် အခြား ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေမှု၊ စွန့်စား ခရီးစဉ်နှင့် အားကစားခရီးစဉ်များအတွက် ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် အာမခံထားရှိဆောင်ရွက်ရေးဆိုင်ရာများ၊ နီပေါနိုင်ငံတွင် Bungee Jumping နှင့်စပ်လျဉ်း၍ ခရီးသွားဧည့်သည် ဝင်ရောက်မှုများနှင့် အားကစားခရီးသွားလုပ်ငန်းကို အထောက်အကူပြုမည့် Bungee Jumping ကို အခြားနိုင်ငံများနည်းတူ မြန်မာနိုင်ငံနှင့် သင့်တော်မည့် ခရီးစဉ်ဒေသများကို လေ့လာ၍ ဆောင်ရွက်နိုင်ရေးဆိုင်ရာများ၊ မြန်မာနိုင်ငံတွင် အားကစားအခြေပြု ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြ သည်။ သတင်းစဉ်

No comments:

Post a Comment