Wednesday, January 1, 2020

နှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်အခမ်းအနား သုံးရက်တိုင်တိုင် ကျင်းပမည်




ရန်ကုန် ဒီဇင်ဘာ ၃၁


ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော နှစ်သစ်ကူးတရား အလှူတော် ဓမ္မသဘင်အခမ်းအနားကို ရွှေတိဂုံစေတီတော်မြတ်ကြီး ခြေတော်ရင်းပြည်သူ့ဥယျာဉ်၌ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက် (ဗုဒ္ဓဟူးနေ့) မှ ဇန်နဝါရီ ၃ ရက် (သောကြာနေ့)အထိ သုံးရက် တိုင်တိုင် ညစဉ် ည ၇ နာရီခွဲတွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁ ရက် (ဗုဒ္ဓဟူးနေ့)တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော်ကျောင်းတိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ၊ ဇန်နဝါရီ ၂ ရက် (ကြာသပတေးနေ့)တွင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ နှင့် ဇန်နဝါရီ ၃ ရက် (သောကြာနေ့) တွင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့ နှစ်သစ်ကူးတရားရေအေး အမြိုက်ဆေး တိုက်ကျွေးမည်ဖြစ် ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment