Sunday, January 5, 2020

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇန်နဝါရီ ၄
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးကော်မတီဥက္ကဋ္ဌ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ရခိုင်ပြည်နယ်မှ တစ်ဖက်နိုင်ငံသို့ နေရပ်စွန့်ခွာကြသူ များအား ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး၊ အကောင်အထည်ဖော်ရေးဗဟိုကော် မတီ၏လမ်းညွှန်မှုနှင့်အညီ ပြန်လည် လက်ခံရေးနှင့် ပြန်လည်နေရာချထား ရေးလုပ်ငန်းများကို ကွပ်ကဲဆောင်ရွက် ရန် တာဝန်ရှိပါကြောင်း။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်း ထားသည့် ပြန်လည်နေရာချထားရေး ဆိုင်ရာ ဆက်စပ်ကော်မတီများကို ကြီးကြပ်ကွပ်ကဲခြင်းကိုလည်း ဆောင် ရွက်ရန်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင် ရွက်မှုများကိုစိစစ်၍ ဗဟိုကော်မတီ ထံသို့တင်ပြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများ စနစ်တကျဆောင်ရွက်နိုင် ရန် လုပ်ငန်းကော်မတီ (၂)ရပ်ကို ထပ်မံ ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံ ရေးလုပ်ငန်းကော်မတီနှင့် နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီများဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ (၂)ရပ်လုံးက တက်ညီလက်ညီဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှသာ လုပ်ငန်းစဉ်များ ထိရောက်အောင်မြင်မည် ဖြစ်ပါ ကြောင်း။
နှစ်နိုင်ငံသဘောတူစာချုပ်အတိုင်း မဟုတ်ဘဲ မိမိဆန္ဒအလျောက် ပြန်လည် ဝင်ရောက်လာကြသူများလည်း ရှိပါ ကြောင်း၊ ပြန်လည်ဝင်ရောက်လာကြ သူများအတွက် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေအရ နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်ရွက်ပေး နိုင်ရေးသည် အရေးကြီးသည့်လုပ်ငန်း တစ်ခုဖြစ်၍ စိစစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ စားနပ်ရိက္ခာများ၊ အဝတ် အထည်များနှင့် အိမ်အသုံးအဆောင် ပစ္စည်းများကိုလည်း မိမိတို့ဝန်ကြီးဌာန က ထောက်ပံ့ပေးလျက်ရှိကြောင်း၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်း မရှိဘဲ နေရပ်စွန့်ခွာကြရသူများအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်း ဆောင်ရွက်မှုများကို ပိုမိုအရှိန်အဟုန် မြှင့်ရန်လိုအပ်သကဲ့သို့ ဆောင်ရွက် ပြီးစီးမှုများကိုလည်း တင်ပြဆွေးနွေး စေလိုပါကြောင်း။
UEHRD အစီအစဉ်ဖြင့် ဦးစားပေး လုပ်ငန်းစဉ်များသတ်မှတ်ပြီး ပြန်လည် နေရာချထားရေးဆောင်ရွက်လျက်ရှိ သည့်ကိစ္စများကိုလည်း ဆွေးနွေးကြ ရန်ဖြစ်ကြောင်း၊ ပြန်လည်လက်ခံရေး နှင့် ပြန်လည်နေရာချထားရေးလုပ်ငန်း များတွင် အာဆီယံနိုင်ငံများက ပံ့ပိုးနိုင် မည့် ဦးစားပေးလုပ်ငန်း ခုနစ်ခုကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုအတွက် လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူး ရုံး (AHA Centre)နှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ထိုလုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ စိန်ခေါ်မှုများ၊ အခက်အခဲများရှိသော် လည်း နှစ်နိုင်ငံသဘောတူညီစာချုပ် အတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး ဆက်လက်ကြိုးပမ်းကြပ်မတ်ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ပြန်လည်ဝင်ရောက်လိုသူများ ရှိသော် လည်း နှစ်နိုင်ငံသဘောတူစာချုပ် နည်းလမ်းအတိုင်းမဟုတ်သည့် ကိစ္စ များလည်း ရှိနေ‌ကြောင်း။
အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင် မည့်နည်းလမ်းများရရှိရေး စဉ်းစား ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ပြည် တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို အတည်ပြုချမှတ်ပြီးဖြစ်ရာ လက်ရှိ IDP စခန်းများကို စနစ်တကျပိတ်သိမ်း နိုင်တော့မည်ဖြစ်ပြီး မဟာဗျူဟာပါ လုပ်ငန်းစဉ်များအတိုင်း အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မြေပြင် တွင် လက်တွေ့အကောင်အထည်ဖော် ကြသည့် ဝန်ထမ်းများ၏လုံခြုံရေးနှင့် အခက်အခဲများကိုလည်း တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် ပူးပေါင်းဖြေရှင်း ဆောင်ရွက်ပေးကြရန်လည်း လိုပါ ကြောင်းနှင့် ကော်မတီ၏လုပ်ငန်းများ ကို ဒေသခံပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန် စည်းရုံးခြင်းဖြင့်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီဒုတိယဥက္ကဋ္ဌ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌများ၊ ပူးတွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပြန်လည်လက်ခံရေးအတွက် ဘင်္ဂလား ဒေ့ရှ်ဘက်က ပေးပို့လာသည့် အမည် စာရင်းအား စိစစ်ပြီးစီးမှု၊ UEHRD အစီ အစဉ်ဖြင့် ပြန်လည်လက်ခံရေးနှင့် ပြန်လည် နေရာချထားရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ဖြည့် ဆည်းဆောင်ရွက်ပေးရမည့် အချက် များ၊ ပြန်လည်ဝင်ရောက်လာသူများ အား ၎င်းတို့၏မူလနေရာ၊ မူလနေရာ နှင့် အနီးစပ်ဆုံးကျေးရွာများနှင့် ၎င်းတို့ သဘောတူညီရွေးချယ်သော နေရာများ တွင် ပြန်လည်နေရာချထားပေးရန် စီစဉ် ထားရှိမှုအခြေအနေများ၊ မိမိသဘော ဆန္ဒအလျောက် ပြန်လည်ဝင်ရောက် လာသူများအား လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ မြန်မာနိုင်ငံအစိုးရနှင့် UNDP/ UNHCR တို့အကြား လက်မှတ် ရေးထိုးထားသည့် နားလည်မှုစာချွန် လွှာမူဘောင်အောက်တွင် ထည့်သွင်း ဆောင်ရွက်သင့်သည့် Meduim term project များနှင့်စပ်လျဉ်းသည့် ကိစ္စ များ၊ အာဆီယံနိုင်ငံများနှင့်ပူးပေါင်း ဆောင်ရွက်မှုများတွင် ASEAN ERAT ၏ ဦးစားပေးလုပ်ငန်းများအကောင် အထည်ဖော်မှုတိုးတက်မှုအခြေအနေ များ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက် နေမှုအခြေအနေများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment