Sunday, January 5, 2020

နိုင်ငံနှင့် ပြည်သူအတွက် အသက်ကိုပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန်ထမ်းဆောင်ကြသူများအား တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်း

Image may contain: one or more people

နေပြည်တော် ဇန်နဝါရီ ၄
၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တို့တွင် နိုင်ငံနှင့် ပြည်သူအတွက် အသက်ကို ပဓာနမထား၊ စွန့်လွှတ်စွန့်စားစွာ တာဝန် ထမ်းဆောင်ကြသူများအား တပ်မတော် စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ်နှင့်လက်မှတ် များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနား ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည် တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်တက်ရောက်၍ ဂုဏ်ပြု အမှာစကားပြောကြားပြီး ဂုဏ်ထူး ဆောင်တံဆိပ်နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းသည်။
ဂုဏ်ပြုအမှာစကားပြောကြား
အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မဟာသရေစည်သူမင်းအောင်လှိုင် က ဂုဏ်ပြုအမှာစကားပြောကြားရာ၌ နိုင်ငံတော်နှင့် ပြည်သူအတွက် နိုင်ငံ တော် ကာကွယ်ရေး တာဝန်များကို မိမိ တို့၏အသက်နှင့် ခန္ဓာကိုယ်ကို မငဲ့ဘဲ ရဲစွမ်းသတ္တိအပြည့်ဖြင့် သက်စွန့် ဆံ ဖျား တာဝန်ထမ်းဆောင်ခဲ့ကြသူများ ကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များ ချီးမြှင့်အပ်နှင်းသည့် တန်ဖိုးဂုဏ် ဒြပ်ကြီးမြတ်လှသည့် အခမ်းအနားဖြစ် ကြောင်း၊ လွတ်လပ်ရေးနှင့် အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် ကာကွယ်စောင့်ရှောက်ရမည့် တာဝန်သည် နိုင်ငံသားတိုင်း၏ မွေးရာ ပါ အမျိုးသားရေးတာဝန်ပင်ဖြစ် ကြောင်း၊ တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးတွင် အဓိကတာဝန်ရှိ သည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ နိုင်ငံတော်လွတ်လပ်ရေး ကြိုးပမ်းမှု ကာလမှ ယနေ့အထိ ကောင်းမြတ် သည့် သမိုင်းစဉ်လာများနှင့်အညီ အသက်၊ သွေး၊ ချွေး မြောက်မြားစွာ ပေးဆပ် စွန့်လွှတ်ခြင်းများစွာနှင့် အမျိုးသားရေးတာဝန်ကို ကျေပွန် အောင် ထမ်းဆောင်ခဲ့ကြသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း။
တပ်မတော်သားများ နည်းတူ တပ်မတော်၏ ကာကွယ်ရေးအရန် အင်အားဖြစ်သည့် တပ်မတော်သား များ၏ ပါရမီဖြည့်ဖက် ဇာနည်ရဲမေများ သည်လည်း နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အသက်ကိုပဓာနမထား ဘဲ ထမ်းဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် လူတိုင်း စွန့်နိုင်ခဲ၊ လုပ်ဆောင်နိုင်ခဲသည့် တာဝန်များကို ကျေပွန်စွာ စွန့်လွှတ်လုပ်ဆောင်ခဲ့သူ များအတွက် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့် လက်မှတ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း လွတ်လပ်ရေးနေ့ အခါသမယတွင် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း။
နိုင်ငံတော်ကာကွယ်ရေးကို ထမ်း ဆောင်သည့်နေရာတွင် “အာဇာနည် ဟူသည် အသက်ကို ခင်တွယ်ရိုးထုံးမရှိ၊ အာဇာနည်ဟူက အသက်ကို စွန့်မြဲ တည်း”ဆိုသည့် အာဇာနည်စိတ်ဓာတ် မွေးပြီး အရိုးကြေကြေ အရေခန်းခန်း သက်စွန့်ကြိုးပမ်းသူများသည် မိမိတို့ တပ်မတော်တွင် စဉ်ဆက်မပြတ်ပေါ် ထွန်းခဲ့သောကြောင့်လည်း ယနေ့ချိန် ထိ မြန်မာနိုင်ငံဟူ၍ ကမ္ဘာ့အလယ်တွင် ခန့်ခန့်ထည်ထည် ရပ်တည်နေနိုင်ခြင်း ပင်ဖြစ်ကြောင်း။
ချီးမြှင့်အပ်နှင်း
ယခုအခမ်းအနားမှာ သူရဲကောင်း မှတ်တမ်းဝင်တံဆိပ်ရရှိသူ ၁၅ ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိသူ သုံးဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင် လက်မှတ်ရရှိသူ ခြောက်ဦးတို့ကို ချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ရရှိ သူ ၁၀ ဦးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ၂၈ ဦးတို့ကိုလည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား သက်ဆိုင်ရာ တိုင်းမှူးများက တစ်ချိန် တည်း၊ တစ်ပြိုင်တည်း ချီးမြှင့်အပ်နှင်း သွားမည်ဖြစ်ကြောင်း။
တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များ ချီးမြှင့်အပ်နှင်း ခြင်းခံကြသူများ သည် တိုင်းပြည်နှင့် လူမျိုးအတွက် ကြုံတွေ့ရသမျှ အခက်အခဲများကို အမှု မထားဘဲ အသက်နှင့်ခန္ဓာကို စွန့်လွှတ် ပြီး ပြောင်မြောက်သည့် သူရသတ္တိများ နှင့် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင် ဆောင်ရွက်မှု၊ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ခိုင်မာမြဲမြံသော သန္နိဋ္ဌာန်စိတ်ဓာတ် များနှင့် တာဝန်ထမ်းဆောင်မှုများ အတွက် အထူးပင်ဂုဏ်ယူမိပါကြောင်း နှင့် ဆုတံဆိပ်များ ချီးမြှင့်ခြင်းမခံရ သော်လည်း စွမ်းဆောင်ခဲ့ကြသူများ အားလုံးကို မှတ်တမ်းတင်ဂုဏ်ပြုပါ ကြောင်း။
တပ်မတော်သားတိုင်း အနေဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်များ ကို ထမ်းဆောင်ကြရာတွင် စွန့်လွှတ် စွန့်စား၍ အသက်ကိုပဓာနမထားဘဲ အမိနိုင်ငံတော်နှင့် ပြည်သူ၊ ပြည်သား များအတွက် ပေးအပ်လာသည့် ရည်မှန်းချက်တာဝန်များကို တုံးတိုက် တိုက်၊ ကျားကိုက်ကိုက် မတွန့်မဆုတ် ဦးဆွေးဆံမြည့် ကျေပွန်အောင်မြင် အောင် ထမ်းဆောင်ပြီး နိုင်ငံတော်က အားထားရသော၊ ပြည်သူလူထုက အားကိုးရသော မျိုးချစ်တပ်မတော် သားကောင်းဇာနည်များ ဖြစ်အောင် အစဉ်သဖြင့် ကြိုးပမ်းဆောင်ရွက်သွား ကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာ သရေစည်သူ မင်းအောင်လှိုင်က သူရဲ ကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ဒုတိယဗိုလ်မှူးကြီး နှစ်ဦး၊ ဗိုလ်မှူး သုံးဦး၊ ဗိုလ်ကြီးနှစ်ဦး၊ တပ်ကြပ်ကြီး နှစ်ဦးနှင့် အမွေခံ ခြောက်ဦးတို့အား လည်းကောင်း၊ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိသူများဖြစ်ကြသည့် ဗိုလ်မှူးကြီး နှစ်ဦးနှင့် ဗိုလ်မှူးတစ်ဦးတို့အားလည်း ကောင်း၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူ ဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီး လေးဦးနှင့် အမွေခံတစ်ဦးတို့အား လည်းကောင်း သူရဲကောင်းမှတ်တမ်း ဝင် တံဆိပ်နှင့် လက်မှတ်များကို ပေးအပ်ချီးမြှင့်သည်။
တည်ခင်းဧည့်ခံ
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်မတော်စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်နှင့် လက်မှတ် များချီးမြှင့်ခြင်းခံရသူများနှင့် အခမ်း အနား တက် ရောက်လာကြသူများအား ဂုဏ်ပြုလက်ဖက်ရည်ဖြင့် တည်ခင်း ဧည့်ခံသည်။
ယနေ့တွင် သီဟသူရဘွဲ့ရရှိသူ တစ်ဦး၊ သူရဘွဲ့ရရှိသူသုံးဦး၊ သူရဲ ကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ကိုးဦးတို့ဖြစ်ရာ တပ်မတော် စွမ်းရည် သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် နှင့် လက်မှတ်ရရှိသူ စုစုပေါင်းအနေဖြင့် အောင်ဆန်းသူရိယဘွဲ့ ခြောက်ဦး၊ သီဟသူရဘွဲ့ ၄၉ ဦး၊ သူရဘွဲ့ ၅၄၅ ဦး၊ သီဟဗလတံဆိပ် ခြောက်ဦး၊ သူရဲ ကောင်းမှတ်တမ်းဝင် ၁၈၆၀၊ သူရဲ ကောင်းမှတ်တမ်းဝင်တံဆိပ် ၂၀၁၁ ဦး၊ စစ်သေနာပတိချုပ်၏သူရဲကောင်း လက်မှတ် ၃၃၇ ဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ် ၂၈၈၉ ဦး၊ စစ်သေနာပတိ ချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ်နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ထူးဆောင်လက်မှတ် ၁၇၁၃ ဦး တို့ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment