Tuesday, January 14, 2020

ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြီးကြပ်လမ်းညွှန်မှုဆောင်ရွက်ခြင်းအခမ်းအနား ကျင်းပ

Image may contain: one or more people and people sitting
လွိုင်ကော် ဇန်နဝါရီ ၁၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် ကယားပြည်နယ် အတွင်းရှိ ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ကြီးကြပ် လမ်းညွှန်မှုဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကယား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကယားပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းစိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများ၊ ရွေးကောက်ပွဲအရာရှိများ တက်ရောက်ကြသည်။
သတ်မှတ်ထားသော စံ(၅) ချက်
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရွေးကောက်ပွဲများကို ကျင်းပရာ တွင် သတ်မှတ်ထားသော စံ(၅) ချက်ဖြစ်သည့် လွတ်လပ်ရမည်၊ တရားမျှတရ မည်၊ ပွင့်လင်းမြင်သာမှုရှိရမည်၊ အများယုံကြည်လက်ခံမှုရှိရမည်၊ ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းဖြစ်ရမည် ဆိုသည့်အချက်များနှင့် အညီ ကျင်းပပေးလျက်ရှိပါကြောင်း၊ ၂၀၁၉ ခုနှစ်ကို အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုရေးနှစ်အဖြစ် သတ်မှတ်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ မြို့နယ်များ အလိုက် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံချက်၏ အပိုင်း(၁)တွင် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် စိစစ်ခြင်း၊ အပိုင်း(၂)တွင် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ အပိုင်း(၃)တွင် ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ် ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် အပိုင်း(၄)တွင် အခြေခံမဲဆန္ဒရှင် စာရင်း ကပ်ထားကြေညာခြင်းဟူ၍ အပိုင်း(၄)ပိုင်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခု ကာလသည် စီမံချက်၏ အပိုင်း(၃)ဖြစ်သော
ပြောင်းလဲနေသော လူဦးရေစာရင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းများကို လစဉ် ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်းများ ဆောင်ရွက်နေသည့်အချိန်ဖြစ်ပါ ကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်အနေဖြင့်လည်း အမှားအယွင်းကင်းသော မဲဆန္ဒရှင်စာရင်းများရရှိစေရေးအတွက် ပြောင်းလဲနေ သော မဲဆန္ဒရှင်စာရင်းများကို လစဉ်ပြုစုခြင်း၊ ပြင်ဆင်ခြင်း၊ ထိန်းသိမ်းခြင်း လုပ်ငန်းများ သေချာစွာ စနစ်တကျဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ စီမံချက်၏အပိုင်း(၄) ဖြစ်သော အခြေခံမဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာချိန် တွင် မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုစေရေးအတွက် နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖြင့်ပူးပေါင်းပြီး မဲဆန္ဒရှင်အသိပေးလုပ်ငန်းများ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မှန်ကန်သည့် မဲဆန္ဒရှင်စာရင်း များကို ရရှိမည်ဖြစ်ပါကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး/ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ အများယုံကြည်လေးစားခြင်းခံရသော ပုဂ္ဂိုလ်များနှင့် အရာထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလအတွင်း အုပ်စုသုံးအုပ်စုခွဲ၍ နေပြည်တော်တွင် ဖွင့်လှစ် ပို့ချခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းကို တက်ရောက်ခဲ့သည့် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ အရာထမ်းများမှ သက်ဆိုင်ရာ ခရိုင်များအလိုက် ဆင့်ပွားသင်တန်းများကို ဆက်လက်ပို့ချရမည်ဖြစ်ပါကြောင်း၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် ပြဋ္ဌာန်းထားသည့် သက်ဆိုင်ရာရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်၊ ညွှန်ကြားချက် များနှင့်အညီ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရည်ရွယ်ပြီး စွမ်းရည်မြှင့်သင်တန်းများကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အများယုံကြည်လေးစားသော တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ၊ ပြည်နယ်ခွဲ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင် သုံးဦးအတွက် ၂၀၂၀ ပြည့်နှစ် တစ်နှစ်စာချီးမြှင့်ငွေခံစားခွင့်ပြုရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်နှစ်ဦးအတွက် ချီးမြှင့်ငွေများကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်၍ အလှည့်ကျခံစားခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားသည့် စံ(၅)ရပ်နှင့်အညီ ကျင်းပသွားမည်ဖြစ်၍ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မိမိတို့အား ပေးအပ်ထားသည့် တာဝန်များကို ကျေပွန်စွာ ကြိုးစားထမ်းဆောင်သွားကြရန်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်ဆန်းဝင်းက ရွေးကောက်ပွဲဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ သည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။
ရီရယ်(ဒီးမော့ဆို)

No comments:

Post a Comment