Wednesday, January 22, 2020

အမုန်းစကားနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်




Image may contain: one or more people and indoor
နေပြည်တော် ဇန်နဝါရီ ၂၁



ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် United States Institute of Peace (USIP) တို့ ပူးပေါင်းပြုလုပ်သည့် အမုန်းစကားနှင့် သတင်းတု၊ သတင်းမှားများ တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ် ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရွေးကောက်ပွဲအရာရှိများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နည်းပညာ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ United States Institute of Peace (USIP) မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားတွင် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ယနေ့မျက်မှောက်ခေတ်လူမှုဆက်ဆံရေးနယ်ပယ်၌ ဆိုရှယ်မီဒီယာသည် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊
ဆိုရှယ်မီဒီယာ အသုံးပြုခြင်းသည် အကျိုးကျေးဇူးများရှိသကဲ့သို့ စိန်ခေါ် မှုများလည်းရှိပါကြောင်း၊ စိန်ခေါ်မှု များတွင် အမုန်းစကားများ၊ သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့မှုမှတစ်ဆင့် ရွေးကောက်ပွဲနှင့် ဆက်စပ်သော အထင်အမြင်လွဲမှား မှုများ မဖြစ်စေရေး မည်ကဲ့သို့ ကာကွယ်တားဆီးနိုင်မည် ဆိုသည့် ကိစ္စရပ်များလည်း ပါဝင်ပါကြောင်း၊ မျက်မှောက်ခေတ်တွင် သတင်းအမှန် နှင့် သတင်းအမှားများကို ပြည်သူများ ခွဲခြားနိုင်ရန် ခက်ခဲလာခြင်းသည် အန္တရာယ်ကို ဆပွားတိုးသလို ဖြစ်စေပါကြောင်း။
ကာကွယ်ရန်နည်းလမ်းများစဉ်းစား
မိမိတို့နိုင်ငံတွင် ဆိုရှယ်မီဒီယာ အသုံးပြုမှုသည် ၂၀၁၅ ခုနှစ်က ခုနစ်သန်းခန့်သာ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်တွင် ၂၁ သန်းအထိ ရှိလာပြီဖြစ်ပါကြောင်း၊ အမုန်းစကား နှင့်သတင်းအတု၊ သတင်းအမှားများ ကို ကာကွယ်တားဆီးရန် နည်းလမ်း များအတွက် အစီအမံများကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ မြန်မာနိုင်ငံကဲ့သို့ ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲ နိုင်ငံအနေဖြင့် အဆိုပါပြဿနာများ ကို အထူးသတိထားရမည်ဖြစ်ပြီးရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ချမှတ်ထားသည့် စံ (၅) ချက်နှင့်အညီဖြစ်စေရေးကို လည်း ထိခိုက်နိုင်ပါကြောင်း၊ အမုန်း စကားများ၊ သတင်းအတုများနှင့် စပ်လျဉ်း၍ သဘောထားကွဲလွဲမှုများ မဖြစ်စေရန် ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်ယခုတက်ရောက်လာကြသည့် ပုဂ္ဂိုလ် များအားလုံး ဝိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း။
ကိုယ်ကျင့်တရားသည်အဓိက
အမုန်းစကားများ လျော့နည်း ပပျောက်စေရေးအတွက် သဘောတူ ရေးဆွဲထားသည့် ကျင့်ဝတ်များရှိ သော်လည်း အားလုံးလိုက်နာမှသာ ထိရောက်မှုရှိမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ ကျင့်သုံးလိုက်နာနိုင်ရန် လူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရား သည်သာ အဓိကဖြစ်ပါကြောင်း၊ ကော်မရှင်၏ လုပ်ဆောင်ချက်များ၊ ကော်မရှင်မှ ထုတ်ပြန်သည့် ညွှန်ကြား ချက်များ၊ ကြေညာချက်များကို နိုင်ငံ ပိုင်သတင်းစာများ၊ ရုပ်မြင်သံကြား နှင့် UEC Website တို့မှတစ်ဆင့် ပြည်သူလူထုသိရှိစေရန် ထုတ်လွှင့်ဖော်ပြပေးလျက်ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက် ပြည်သူလူထုအသိပညာပေးလုပ်ငန်းများနှင့် မဲဆန္ဒရှင်အသိပညာ ပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်းအချက် အလက်များ အမြန်ဆုံးရောက်ရှိနိုင် မည့် UEC Facebook Page ကိုလည်း အသုံးပြုသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် အမုန်းစကားများ၊ သတင်း အတု၊ သတင်းအမှားများ တားဆီး ကာကွယ်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီ၊ Facebook Team တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပြီး ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် သတင်းအမှန်ထုတ်ပြန်ရေးအစီအစဉ် ကို ကော်မရှင်ရုံးတွင် အပတ်စဉ် ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားသည်။
ဆက်လက်၍ USIP အဖွဲ့မှ Mr. Jason Tower က အမှာစကားပြော ကြားပြီး တက်ရောက်လာကြသူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် ကြသည်။
သုံးရက်တာကျင်းပသွားမည်
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၃ ရက်အထိ သုံးရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရ သည်။ သတင်းစဉ်

No comments:

Post a Comment