Monday, January 6, 2020

နီပေါခရီးသွားနှစ် ၂၀၂၀ ဖွင့်ပွဲအခမ်းအနားနှင့် ခရီးသွားဝန်ကြီးများအစည်းအဝေး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် တက်ရောက်
Image may contain: 1 person, smiling, indoor
နေပြည်တော် ဇန်နဝါရီ ၅
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမောင်နှင့်အဖွဲ့သည် နီပေါဖက်ဒရယ်ဒီမို ကရက်တစ်သမ္မနိုင်ငံ ယဉ်ကျေးမှု၊ ခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၌ ဇန်နဝါရီ ၁ ရက်တွင် ကျင်းပ သည့် နီပေါခရီးသွားနှစ် ၂၀၂၀ ဖွင့်ပွဲအခမ်းအနားနှင့် ခရီးသွားဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့်အဖွဲ့သည် နံနက်ပိုင်းတွင် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ Baluwater ရှိ Prime Minister’s Residence ၌ ကျင်းပသည့် Tourism Ministerial Meeting 2020 သို့ တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေး မှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံ ခရီး သွားလာရေးဝန်ကြီးဌာန၊ ဂျမေကာနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာန၊ နီပေါနိုင်ငံ ယဉ်ကျေးမှုခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန၊ နီပေါနိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ ဘူတန်နိုင်ငံ Tourism Council of Bhutan နှင့် ကမ္ဘောဒီးယားနိုင်ငံ ခရီးသွားဝန်ကြီးဌာနတို့မှ ဝန်ကြီး များနှင့် တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီး များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ Tourism Ministerial Meeting 2020 သည် Sustainable Tourism Through Preservation of Natural and Cultural Heritage ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ပြီးရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်ဆိုင်ရာနိုင်ငံများ၏ ဆောင်ရွက်မှုအတွေ့အကြုံ များကို ဆွေးနွေးဖလှယ်နိုင်ရန်၊ ရာသီဥတုပြောင်းလဲမှုများ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ရင်ဆိုင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းထုတ်ကုန်များနှင့် ယဉ်ကျေးမှုအမွေအနှစ် ဆိုင်ရာ ခရီးသွားထုတ်ကုန်များ ထိန်းသိမ်းရေးတို့ ဆောင်ရွက်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ Sasharah Stadium ၌ ကျင်းပသည့် နီပေါခရီးသွားနှစ် ၂၀၂၀ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားကို နီပေါနိုင်ငံ သမ္မတမစ္စစ်သီဒီ ယာဒေဗီသက်ဒါရီ တက်ရောက်၍ ဖွင့်လှစ်ပေးခဲ့ပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျမေကာနိုင်ငံ၊ မြန်မာနိုင်ငံ တို့မှ ခရီးသွားဝန်ကြီးများ၊ နီပေါနိုင်ငံရှိ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာနိုင်ငံများ၏ ခရီး သွားလုပ်ငန်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ နိုင်ငံ တကာမှ မီဒီယာအဖွဲ့အစည်း ၄၀ ကျော်တို့ ပါဝင် တက်ရောက်ခဲ့ပြီး နီပေါနိုင်ငံ ယဉ်ကျေးမှုခရီးသွားလာရေးနှင့် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာန Nepal Tourism Board တို့က ၂၀၂၀ တွင် နီပေါနိုင်ငံသို့ ခရီးသွား နှစ်သန်း ဝင်ရောက်ရန်ရည်ရွယ်၍ ခရီးစဉ်ဒေသအသစ် ၁၀၀ ရောင်းချရေးအစီအစဉ်များကို မိတ်ဆက်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
ကြိုဆိုနှုတ်ဆက်
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇန်နဝါရီ ၂ ရက် နံနက်ပိုင်းတွင် နီပေါနိုင်ငံ လုမ္ဗိနီဥယျာဉ်တော်ရှိ မြတ်စွာ ဘုရားအလောင်း ဖွားမြင်တော်မူရာနေရာ၊ မာယာဒေဝီ ရေသန့်စင်ရာနေရာ၊ မြန်မာရွှေကျောင်းတော်တို့သို့ သွားရောက်လှည့်လှည်ကြည့်ရှုခဲ့ရာ နီပေါနိုင်ငံ ပြည်နယ် အမှတ်(၅) ခရီးသွားဝန်ကြီး Mr. Leela Gini နှင့် Lumbini Development Trust မှတာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နီပေါနိုင်ငံ ပြည်နယ်အမှတ်(၅) ခရီးသွားဝန်ကြီး Mr. Leela Gini နှင့်တွေ့ဆုံ၍ နီပေါခရီးသွားနှစ် ၂၀၂၀ အတွင်း မြန်မာ နိုင်ငံမှ ခရီးသွားအေဂျင်စီများနှင့်ပူးပေါင်း၍ လုမ္ဗိနီဒေသ အား ခရီးစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ မော်တော်ယာဉ်တန်း ဖြတ်ကျော်ခရီးစဉ်များ ဆောင်ရွက် မည့်အစီအစဉ်များ၊ တိုက်ရိုက်လေကြောင်း ပျံသန်းရေးကိစ္စ ရပ်များ၊ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်၊ မြန်မာနိုင်ငံ ပုဂံ၊ နီပေါနိုင်ငံ လုမ္ဗိနီနှင့် အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာတို့ ပါဝင် သည့် Buddhist Pilgrimage Circuit ခရီးစဉ်များ ဆောင်ရွက်ရေး၊ တရားရိပ်သာများမြှင့်တင်ရေး၊ ခရီးစဉ်များ စီစဉ်ရေးဆွဲရေးတို့ကို ဆွေးနွေးခဲ့ပြီး နီပေါနိုင်ငံ ခရီးသွား စွဲဆောင်မှုတစ်ခုဖြစ်သည့် Mt. Everest ပတ်ဝန်းကျင်အားလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment