Thursday, December 26, 2019

ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ PURDUE University မှ Dr. Shannon Bischoff နှင့် အဖွဲ့အား တွေ့ဆုံဆွေးနွေး




နေပြည်တော် ဒီဇင်ဘာ ၂၅


 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် PURDUE University ၊ University Research and Innovation မှ Director , Dr. Shannon Bischoff နှင့် အဖွဲ့အား ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် PURDUE University နှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား ပူးပေါင်းဆောင် ရွက်မှု၊ သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၏ ရည်မှန်း ချက်နှင့် သင်ကြားမှု၊ ပတ်ဝန်းကျင် ဆိုင်ရာဘာသာရပ်နှင့် ပတ်သက်၍ ပညာရှင်များ ပိုမိုထွက်ပေါ်လာရေး လိုအပ်ချက်နှင့် ထပ်မံတိုးချဲ့သင်ကြား မှု၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းများနှင့်ကိုက်ညီမှု၊ သင်ကြားမည့် ဆရာ များ၏ စွမ်းဆောင်ရည်မြှင့်တင်မှု ဆိုင်ရာ အစီအစဉ်များ၊ တက္ကသိုလ် နှစ်ခုအကြား သင်ကြားရေးနှင့် သုတေသန ပူးပေါင်းဆောင်ရွက်နိုင် မည့် အလားအလာများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment