Friday, December 6, 2019

ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အာရှဒေသဆိုင်ရာ ဒုတိယလက်ထောက်ဝန်ကြီးနှင့် အမေရိကန်သံအမတ်ကြီးဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 8 people, people sitting, table and indoor
နေပြည်တော် ဒီဇင်ဘာ ၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်းသည် အရှေ့တောင်အာရှဒေသဆိုင်ရာ ဒုတိယ လက်ထောက်ဝန်ကြီး Mr. Robert Kaproth နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ စကော့မာရှယ်တို့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာသို့ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန အာရှနှင့် အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Mr. Seth Bleiweis နှင့် အရှေ့တောင် အာရှဆိုင်ရာ ဘဏ္ဍာရေးသံမှူး Mr. Matthew Mohlenkamp တို့လိုက်ပါခဲ့ပြီး နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment