Friday, December 13, 2019

အစ္စရေးနိုင်ငံက တစ်နှစ်အတွင်း တတိယအကြိမ်မြောက်ရွေးကောက်ပွဲ ကျင်းပမည်
Image may contain: one or more people, people sitting, shoes and indoor
တဲအဗစ် ဒီဇင်ဘာ ၁၂
နိုင်ငံရေးပါတီများက သတ်မှတ်ထားသော နောက်ဆုံးအချိန်အတွင်း ညွန့်ပေါင်းအစိုးရတစ်ရပ်မဖွဲ့စည်းနိုင်မှုကြောင့် အစ္စရေးနိုင်ငံက တစ်နှစ် အတွင်း တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပရတော့မည်ဖြစ်သည်။
ပြီးခဲ့သော ဧပြီလနှင့် စက်တင်ဘာလအတွင်း မရေရာသော ရွေးကောက်ပွဲများ ကျင်းပပြီးနောက် အစ္စရေးနိုင်ငံမှာ နိုင်ငံရေးအရ မတိုးသာမဆုတ်သာ အခြေအနေတစ်ရပ် ကြုံတွေ့ခဲ့ရသည်။ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု၏ လီကွပ်ပါတီနှင့် ဗိုလ်ချုပ်ကြီး ဟောင်းဘန်နီဂန့်ဇ် ဦးဆောင်သည့် အကြီးမားဆုံးအတိုက်အခံပါတီ Blue and White ပါတီတို့မှာ သတ်မှတ်ထားသော နောက်ဆုံးအချိန် အတွင်း ညွန့်ပေါင်းအစိုးရတစ်ရပ် မဖွဲ့စည်းနိုင်ခဲ့ပေ။ အစ္စရေးနိုင်ငံ၏ ဥပဒေနှင့်အညီ နောက်ထပ်အထွေထွေရွေးကောက်ပွဲကို လာမည့်နှစ် မတ်လတွင် ကျင်းပမည်ဖြစ်သည်။
နိုင်ငံရေးအရ မတိုးသာမဆုတ်သာ အခြေအနေနှင့်ပတ်သက်၍အာဏာရအစိုးရနှင့်အတိုက်အခံပါတီများက အချင်းချင်းပြစ်တင်နေမှု က မဲဆန္ဒရှင်များကို မချင့်မရဲဖြစ်စေခဲ့သည်။ ရွေးကောက်ပွဲမှာ ၁၀ နှစ် ကြာ အုပ်ချုပ်မှုသက်တမ်းရှိပြီဖြစ်သည့် ဝန်ကြီးချုပ် နေတန်ယာဟုက လက်ရှိရာထူး ဆက်လက်ရယူနိုင်ခြင်း ရှိ၊ မရှိဆိုသည်ကို အလေးထားမည် ဖြစ်သည်။ လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှုအပါအဝင်စွဲချက်များ ဖြင့် နေတန်ယာဟုကို စွဲချက်တင်မည်ဟုအစိုးရရှေ့နေများက နိုဝင်ဘာလ အတွင်း ကြေညာခဲ့သည်။ နေတန်ယာဟုက တယ်လီကွန်းကုမ္ပဏီများကို မီဒီယာသတင်းရယူရာတွင် မျက်နှာသာပေးခဲ့သည်ဟု စွပ်စွဲခံနေရသည်။
သို့သော်လည်း အစ္စရေးဥပဒေအရ အပြစ်ရှိကြောင်းဆုံးဖြတ်ချက် ချမှတ် သည်အထိ ၎င်းက ဝန်ကြီးချုပ်အဖြစ် ဆက်လက်၍ တာဝန်ထမ်းဆောင် နိုင်သည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - ကျော်ထိုက်စိုး

No comments:

Post a Comment