Saturday, December 14, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံနှင့် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံ
Image may contain: 7 people, crowd and indoor
သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၃
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညပိုင်းနှင့် ယနေ့ နံနက်ပိုင်းတို့တွင် ခေတ္တတည်းခိုသည့်နေရာ၌ နယ်သာလန်နိုင်ငံနှင့် ပြည်ပ နိုင်ငံများမှ နယ်သာလန်နိုင်ငံသို့ လာရောက်ထောက်ခံဝန်းရံကြသည့် မြန်မာနိုင်ငံ သားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။
ပြည်သူများ၏ဝိုင်းဝန်းပေးမှုများသည် ခွန်အားဖြစ်စေ
တွေ့ဆုံပွဲများတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများ၏ညီညွတ်သည့် စိတ်ဓာတ်မှာ အလွန်အရေး ကြီးကြောင်း၊ မိမိတို့နိုင်ငံသည် ရုပ်ပိုင်းဆိုင်ရာ အင်အားတောင့်တင်းသည့် နိုင်ငံ တစ်နိုင်ငံမဟုတ်ပါကြောင်း၊ သို့ဖြစ်၍ စိတ်ဓာတ်အင်အား၊ ဝီရိယ၊ ဇွဲလုံ့လအင်အား တို့ဖြင့် ရပ်တည်ရမည်ဖြစ်ပါကြောင်း၊ အခက်အခဲများနှင့် ရင်ဆိုင်ရာတွင် ပြည်သူများ၏ဝိုင်းဝန်းပေးမှုများသည် ခွန်အားဖြစ်စေပါကြောင်း၊ မိမိတို့နိုင်ငံသား များအနေဖြင့် မည်သည့်နိုင်ငံတွင် နေထိုင်သည်ဖြစ်စေ၊ မည်သည့်နိုင်ငံသား ဖြစ်စေ မြန်မာမိသားစုဝင်များသာ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသားများအနေဖြင့် အမှန်တကယ်လိုအပ်ချိန်တွင် ဝိုင်းဝန်းရပ်တည်ပေးသည့်အတွက် မိမိအနေဖြင့် အမြဲအမှတ်ရနေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တက်ရောက်လာကြသူများ တင်ပြသည့် နိုင်ငံသားပြန်လည်ရရှိရေးနှင့် မြန်မာနိုင်ငံသို့ပြန်လာပြီး တတ်မြောက်ထားသည့် ပညာအတွေ့အကြုံတို့ဖြင့် လုပ်အားပေးဝန်ထမ်း ဆောင်ရွက်နိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
သတင်းစဉ်

No comments:

Post a Comment