Friday, December 13, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံ၏
ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်လဲမှုအစီအစဉ်သို့ တက်ရောက်
Image may contain: 5 people, people standing and suit
သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၂
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေ ဖြင့် ယနေ့ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)၌ ပြုလုပ်သည့် မြန်မာ နိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တင်သွင်းသည့်ကိစ္စအပေါ် ဂမ်ဘီယာ နိုင်ငံက ဒုတိယအကြိမ် နှုတ်ဖြင့် လျှောက်လဲခြင်း တတိယနေ့ ပထမပိုင်း အစီအစဉ်သို့ တက်ရောက်သည်။
တက်ရောက်
တတိယနေ့ ပထမပိုင်းအစီအစဉ် ဖြစ်သည့် ဂမ်ဘီယာနိုင်ငံ၏ ဒုတိယ အကြိမ် နှုတ်ဖြင့်လျှောက်လဲမှု အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့်
နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေကြ သည့် ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များနှင့် ၎င်းတို့၏အထောက်အကူပြု အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ယနေ့ ဒုတိယပိုင်းအစီအစဉ်ဖြစ်သည့် မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ဒုတိယအကြိမ် နှုတ်ဖြင့်လျှောက်ထားမှုအား ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဆောင်ရွက်သွားမည်ဖြစ်သည်။
ယနေ့တွင်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ဆောင်ရွက်မှုကို ထောက်ခံအားပေးဝန်းရံကြသည့် မြန်မာနိုင်ငံမှ လာရောက်ကြသော ပြည်သူ များနှင့် နယ်သာလန်နိုင်ငံနှင့် အခြားပြည်ပနိုင်ငံများမှ လာရောက်ကြသည့် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့၌ လာရောက် ထောက်ခံအားပေးဝန်းရံကြသည်။
သတင်းစဉ်

No comments:

Post a Comment