Friday, December 6, 2019

မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်းအခမ်းအနား ကျင်းပ
Image may contain: 2 people, people standing, shoes and indoor
နေပြည်တော် ဒီဇင်ဘာ ၅
မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားရရှိအောင် ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် ရည်မှန်းချက်များ သတင်းထုတ်ပြန်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၌ ကျင်းပသည်။
အခမ်းအနားတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း အင်ဂျင်နီယာချုပ် ဦးသူရအောင်ဘိုက မြန်မာတစ်နိုင်ငံလုံးရှိ အိမ်ထောင်စု အရေအတွက်ပေါင်း ၁၀၈၇၇၈၃၂ စု ရှိသည့်အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် နိုင်ငံတော် ဓာတ်အားစနစ်မှ အိမ်ထောင်စုအလိုက်ဓာတ်အားရရှိမှုမှာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း အိမ်ထောင်စု စုစုပေါင်း ၅၄၄၈၇၀၆ စု ဓာတ်အားရရှိပြီးဖြစ်ကြောင်း။
ဆက်လက်ဆောင်ရွက်သွားရန် ရေးဆွဲထားသော စီမံချက်များအရ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စု ပေါင်း ၅ ဒသမ ၉၈ သန်း(၅၅ ရာခိုင်နှုန်း)၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုပေါင်း ၈ ဒသမ ၂၆ သန်း (၇၅ ဒသမ ၉၅ ရာခိုင်နှုန်း)၊ ၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၄၅ သန်း (၉၆ ဒသမ ၀၇ ရာခိုင်နှုန်း) ဓာတ်အားရရှိနိုင်မည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး အိမ်ထောင်စုပေါင်း ၁၀ ဒသမ ၈၈ သန်းအနက် ဓာတ်အား စနစ်ဖြင့် လက်လှမ်းမမီနိုင်သည့် ကျန်အိမ်ထောင်စု သုည ဒသမ ၄၃ သန်း (၃ ဒသမ ၉၃ ရာခိုင်နှုန်း)အား ဓာတ်အား စနစ်ပြင်ပ (အခြားနည်းလမ်းများ)ဖြင့် ဓာတ်အားရရှိရေး ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း။
ရှင်းလင်းပြောကြား
ထို့ကြောင့် လာမည့်ဒီဇင်ဘာ ၁၂ နှင့် ၁၃ ရက်တို့တွင် မြန်မာတစ်နိုင်ငံလုံး အိမ်ထောင်စုများ၏ ၅၀ ရာခိုင်နှုန်း နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားပေးနိုင်ခြင်း အထိမ်းအမှတ်အခမ်းအနားများကို နေပြည်တော်ရှိ လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနတွင် လည်းကောင်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင် လည်းကောင်း စည်ကား သိုက်မြိုက်စွာ ကျင်းပရန် စီစဉ်ထားပါကြောင်း ရှင်းလင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာ များက သိရှိလိုသည်များကို မေးမြန်းရာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
သတင်းစဉ်

No comments:

Post a Comment