Thursday, December 12, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ တက်ရောက်ရှင်းလင်းပြောကြား
Image may contain: 13 people, people sitting and indoor
သည်ဟိတ်ဂ် ဒီဇင်ဘာ ၁၁
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် နိုင်ငံတော်၏ ကိုယ်စားလှယ်အနေဖြင့် ယနေ့ ဒေသ စံတော်ချိန် နံနက် ၁ဝ နာရီတွင် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ပြုလုပ်သည့် မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံကတင်သွင်းသည့်ကိစ္စအပေါ် နှုတ်ဖြင့် လျှောက်လဲခြင်း ဒုတိယနေ့အစီအစဉ်သို့ တက်ရောက်၍ ရှင်းလင်းပြောကြားသည်။
(နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ အပြည်ပြည် ဆိုင်ရာတရားရုံးသို့ ရှင်းလင်းပြောကြားမှုအား အလွတ်သဘောဘာသာပြန်ဆိုမှုကို စာမျက်နှာ(၄)တွင် ဖော်ပြထားပါသည်)
ထို့နောက် မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ကြသည့် ဥပဒေအကြံပေး များနှင့် ရှေ့နေများဖြစ်သည့် ပါမောက္ခ William Schabas က Lack of a Plausible Claim နှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒေါက်တာ Christopher Staker က Lack of prima facie Jurisdiction of the Court; lack of prima facie standing of The Gambia; inappropriateness of the provisional measures requested နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပါမောက္ခ Phoebe Okowa က Lack of real and imminent risk of irreparable prejudice to the rights in dispute နှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး နှုတ်ဖြင့်လျှောက်လဲချက် တင်သွင်းကြသည်။
တက်ရောက်
ဒုတိယနေ့ အစီအစဉ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်နေကြသည့် ပြည်တွင်း၊ ပြည်ပ ဥပဒေပညာရှင်များနှင့် ၎င်းတို့၏ အထောက်အကူပြုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အားပေးဝန်းရံ
ယနေ့သည် ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုထားမှုအပေါ် မြန်မာနိုင်ငံမှပထမအကြိမ်နှုတ်ဖြင့်လျှောက်ထားသည့်နေ့ဖြစ်သည့်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးဝန်းရံကြသည့် မြန်မာ နိုင်ငံမှ လာရောက်ကြသောပြည်သူများနှင့် နယ်သာလန် နိုင်ငံနှင့် အခြားနိုင်ငံများမှ လာရောက်ကြသည့် ပြည်ပ ရောက် မြန်မာနိုင်ငံသားများက အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)ရှေ့၌ လာရောက်ထောက်ခံအားပေးဝန်းရံ ကြသည်။
ဂမ်ဘီယာနိုင်ငံအနေဖြင့် ယမန်နေ့က နှုတ်ဖြင့် လျှောက်လဲတင်သွင်းမှုကို ပြုလုပ်ခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment