Saturday, December 14, 2019

ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီအစည်းအဝေး ကျင်းပ
Image may contain: 1 person, smiling, sitting
နေပြည်တော် ဒီဇင်ဘာ ၁၃
ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်း ကော်မတီသည် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲ သော အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ ကြမ်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးနှင့် လွှတ်တော် နှစ်ရပ် သဘောကွဲလွဲသော ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစည်း အဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
တက်ရောက်
အဆိုပါအစည်းအဝေးများသို့ ပြည်ထောင်စု လွှတ်တော် ဒုတိယနာယက၊ ဥပဒေကြမ်း ပူးပေါင်း ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ တွဲဖက် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ပြည်သူ့ လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပြည်ထောင်စုလွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment