Friday, December 20, 2019

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးအရာရှိချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆို




နေပြည်တော် ဒီဇင်ဘာ ၁၉


 

ဗီယက်နမ်တပ်မတော် စစ်ဦးစီး အရာရှိချုပ် Senior Lieutenant General Phan Van Gaing ၏ ဖိတ်ကြားချက်အရ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဟနွိုင်းမြို့၌ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယနေ့ နံနက်ပိုင်းတွင် ဗီယက်နမ် နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန (K-2000) ၌ ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieutenant General Phan Van Giang က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုသည်။
ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်နှင့် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးအရာရှိချုပ် တို့သည် ဗီယက်နမ်ကာကွယ်ရေး ဝန်ကြီးဌာန ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးကြသည်။
ပိုမိုပူးပေါင်းဆောင်ရွက်
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်း ဆောင်ရွက်မှု နယ်ပယ်များတွင် အကြမ်းဖက်မှုနှိမ်နင်းရေး၊ ပင်လယ် ပြင်ကယ်ဆယ်ရေး၊ သဘာ၀ဘေး အန္တရာယ်ကယ်ဆယ်ရေး၊ သတင်း အချက်အလက် အပြန်အလှန်ဖလှယ် ရေးများအပြင် အခြားနယ်ပယ်ကဏ္ဍ ပေါင်းစုံ၌ ကျယ်ကျယ်ပြန့်ပြန့် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးကြ သည်။
မွန်းလွဲပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင် သည့်အဖွဲ့သည် Viettel Group သို့ သွားရောက်လေ့လာကြသည်။
ညနေပိုင်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ အမျိုးသားလွှတ်တော် အဆောက် အဦ ဧည့်ခန်းမ၌ ဗီယက်နမ်နိုင်ငံ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Mrs. Nguyen Thi Kim Ngan အား သွားရောက်တွေ့ဆုံသည်။
တွေ့ဆုံဆွေးနွေး
အလားတူ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်သည် ယနေ့နံနက်ပိုင်း တွင် ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး ဌာန ဧည့်ခန်းမဆောင်၌ အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး General Ngo Xuan Lich နှင့် တွေ့ဆုံ ဆွေးနွေးသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာနှင့် စက်မှုလုပ်ငန်း ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေ၊ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကဏ္ဍစုံမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ် များ၊ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက် နေသည့် အခြေအနေများနှင့် ပိုမို တိုးတက်အောင် ဆောင်ရွက်သွားမည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးကြသည်။
ညပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဦးဆောင် သော မြန်မာ့တပ်မတော် ကိုယ်စား လှယ်အဖွဲ့အား ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Army Hotel ၌ ဗီယက်နမ် ပြည်သူ့တပ်မတော် စစ်ဦးစီးအရာရှိချုပ် Senior Lieuten-ant General Phan Van Giang က ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
သတင်းစဉ်

No comments:

Post a Comment