Friday, December 20, 2019

နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို မိသားစုတို့အတွက် လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသူ အသင်းသားများက ခရစ်တော်မွေးနေ့အကြို ဆုတောင်း မေတ္တာပို့သ




Image may contain: 4 people, people standing and indoor
နေပြည်တော် ဒီဇင်ဘာ ၁၉


 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ဇနီး ဒေါ်ချိုချို မိသားစုတို့အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့်ဇနီး၊ မိသားစုနှင့် နေပြည်တော် သပြေကုန်း ရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ သိက္ခာတော်ရဆရာ ဦးစောအောင်အောင်လွင် ဦးဆောင် သော အဖွဲ့သည် ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ခရစ်တော်မွေးနေ့အကြို အဖြစ် လာရောက်ဆုတောင်း မေတ္တာပို့သကြသည်။
ရှေးဦးစွာ နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမျိုး ပေါင်းစုံ နှစ်ခြင်းခရစ်ယာန်အသင်းတော်မှ အသင်းသူ အသင်းသားများက ခရစ္စမတ်ဓမ္မတေးများ သီဆိုကြပြီး ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းကြသည်။
ထို့နောက် သိက္ခာတော်ရ ဆရာ ဦးစောအောင်အောင်လွင်က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော် သမ္မတနှင့် ဇနီး မိသားစုတို့အတွက် ဆုတောင်းမေတ္တာပို့သသည်။
အမှတ်တရလက်ဆောင်ပေးအပ်
ယင်းနောက် နိုင်ငံတော်သမ္မတ နှင့်ဇနီးတို့သည် နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ လူမျိုးပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အသင်းသူ အသင်းသားများအား အမှတ်တရလက်ဆောင် ပေးအပ် သည်။
ဆုတောင်းမေတ္တာပို့သ
အလားတူ ဒီဇင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ယူနိုက်တက်ပင်တီ ကုတ္တေ အသင်းတော် (ရန်ကုန်)မှ လူငယ်ခေါင်းဆောင် ဆရာမိုက်ကယ် ဂျေဆင် ဦးဆောင်သော အဖွဲ့က လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များ ကောင်စီမှ အထွေထွေအတွင်းရေးမှူး သိက္ခာ တော်ရဆရာ မန်းပါမာစတန်နှင့် လူငယ်အမှုဆောင် အတွင်းရေးမှူး ဆရာ ပွီးယာတို့ ဦးဆောင်သော အဖွဲ့က လည်းကောင်း နိုင်ငံတော် သမ္မတအိမ်တော်၌ ခရစ္စမတ် ဓမ္မတေးများ သီဆိုကြပြီး ခရစ်တော် မွေးနေ့အကြိုအဖြစ် လာရောက် ဆုတောင်းမေတ္တာ ပို့သကြသည်။
သတင်းစဉ်

No comments:

Post a Comment