Sunday, December 15, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်သို့ ပြန်လည်ရောက်ရှိ


Image may contain: 5 people, people smiling, people standing
နေပြည်တော် ဒီဇင်ဘာ ၁၄
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယ်သာလန်နိုင်ငံမှ လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ပြန်လည်ထွက်ခွာသည်။
ပို့ဆောင်နှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့အား ဘယ်လ်ဂျီယံနိုင်ငံနှင့် နယ်သာလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန်နှင့် ဇနီး၊ မြန်မာသံရုံးဝန်ထမ်း များ၊ နယ်သာလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန် ရှိသူများက အမ်စတာဒန်မြို့ရှိ Schiphol အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ရောက်ရှိ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ယနေ့ဒေသစံတော်ချိန် နံနက် ၉ နာရီ မိနစ် ၅ဝ တွင် ရောက်ရှိကြရာ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ဇနီး၊ စစ်သံမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်ဇော်နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ တာဝန်ရှိသူများက သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာကြရာ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ပြန်လည် ရောက်ရှိကြသည်။
ကြိုဆိုနှုတ်ဆက်
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့အား ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံသံအမတ်ကြီး Mr. Wouter Jurgens နှင့် တာဝန် ရှိသူများက နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဆောင်ရွက်မှုကို ထောက်ခံအားပေးကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ထမ်းများ၊ ပြည်သူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက “အမေစု ကျန်းမာပါစေ၊ အမေစု ကြံဆောင်သမျှအောင်ပါစေ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူရပ်တည်မည်”ဆိုသည့် ကြွေးကြော်သံများဖြင့် လက်ကိုင်ဆိုင်းဘုတ်များကိုဝှေ့ရမ်းကာ နေပြည်တော်လေဆိပ်မှ သပြေကုန်းအဝိုင်းအထိ သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ အဖွဲ့ဝင်အဖြစ်လိုက်ပါခဲ့ကြသည့် ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေနှင့် ဦးကျော်တင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဥပဒေအကြံပေး အဖွဲ့ဝင်များလည်း ပြန်လည်လိုက်ပါလာကြသည်။
သတင်းစဉ်

No comments:

Post a Comment