Wednesday, November 20, 2019

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့အကြီးအကဲဟောင်းနှင့် အဖွဲ့အား လက်ခံတွေ့ဆုံ




Image may contain: 1 person, sitting
နေပြည်တော် နိုဝင်ဘာ ၁၉



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် မြောက်အိုင်ယာလန် ရဲတပ်ဖွဲ့အကြီးအကဲဟောင်း Sir George Ernest Craythorne Hamilton နှင့် အဖွဲ့အား ယနေ့ ညနေ ၄ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅) ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်သွားမည့် အစီအစဉ်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်းရေးကော်မတီအဆင့်ဆင့် ဖွဲ့စည်းမည့်အစီအစဉ်၊ ပြည်တွင်းနှင့် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ ဖိတ်ကြားသွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment