Wednesday, November 20, 2019

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေး ကျင်းပ



Image may contain: 4 people, indoor
နေပြည်တော် နိုဝင်ဘာ ၁၉



လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည် တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စည်စည်ကားကား ကျင်းပရန်
အစည်းအဝေးတွင် လူငယ် ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) ကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး)ကို ဒီဇင်ဘာလ ၁၄ ရက်၊ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီခွဲအထိမကွေးတက္ကသိုလ်ဝင်းအတွင်း ကျင်းပ ရန် စီစဉ်ထားပါကြောင်း၊ မကွေးမြို့ ဝန်းကျင်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သင်တန်းကျောင်းများမှ လူငယ်၊ ကျောင်းသား ကျောင်းသူများ၊ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်အသီးသီးမှ လူငယ်များဖြင့် စည်စည်ကားကား ကျင်းပရန် စီစဉ်ထားပါကြောင်း။
လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မကွေး) အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဒုတိယ ဥက္ကဋ္ဌ (၁)၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒုတိယဥက္ကဋ္ဌ(၂)၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးက အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်(မကွေး) ကျင်းပရေးဦးစီး ကော်မတီကို နိုင်ငံတော်သမ္မတရုံးက ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၉ ရက် တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း။
သက်ဆိုင်ရာကဏ္ဍများ ညှိနှိုင်း
ထို့အတူ အောက်တိုဘာ ၃၁ ရက် တွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ဥက္ကဋ္ဌ၊ ပညာရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ပူးတွဲဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး အဖွဲ့ဝင်အဖြစ် ပါဝင် သည့် ၁၈ ဦးပါ လုပ်ငန်းကော်မတီကို လည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်း များ အဆင်ပြေချောမွေ့စွာဆောင်ရွက် နိုင်ရေးအတွက် ဆပ်ကော်မတီ ၁၃ ခု ကို ဖွဲ့စည်းရန် သက်ဆိုင်ရာဝန်ကြီး ဌာနများကို အကြောင်းကြားထားပြီးသက်ဆိုင်ရာကဏ္ဍများတွင် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ရန် အတွင်းရေးမှူး များအဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး ဖြစ်ပါကြောင်း။
အောက်တိုဘာ ၁၇ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ သည့် အကြိုညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များကို ဖြန့်ဝေထားပြီး လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး) အောင်မြင်စွာကျင်းပနိုင်ရေး အတွက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပေးကြစေလိုပါကြောင်း ပြောကြား သည်။
မြေပြင်ကွင်းဆင်းမှုများ ဆောင်ရွက်
ထို့နောက် လုပ်ငန်းကော်မတီ အဖွဲ့ဝင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးက လူငယ်ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်(မကွေး) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြေပြင် ကွင်းဆင်းမှုများ ဆောင်ရွက်နေပြီး ကော်မတီများဖွဲ့စည်းကာ တာဝန် ခွဲဝေဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း ၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် အနုပညာ ဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ အိုင်တီ နည်းပညာဆိုင်ရာ လှုပ်ရှားမှု ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ပြပွဲပြိုင်ပွဲများ ကျင်းပ ရေး ဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ အားကစားဆိုင်ရာ လှုပ်ရှားမှု ဆပ်ကော်မတီ ၊ ဖိတ်ကြား ရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး ဆပ်ကော်မတီ၊ စာရင်းစစ်ဆေးရေးဆပ်ကော်မတီတို့မှ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများက ကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များ ကို ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း က ပေါင်းစပ် ညှိနှိုင်း ပေးပြီး နိဂုံးချုပ် အမှာစကားပြောကြား သည်။
လူငယ်များ၏ အသိပညာ
“ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ် ပွဲတော်နွှဲပျော်စို့” ဟူသည့် ဆောင်ပုဒ် နှင့်အညီ မြန်မာလူငယ်များ၏ အသိ ပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုးအပါအဝင် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလငါးတန် မြှင့်တင်ပေးနိုင်ရေးနှင့် အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်း များဖြင့် တည်ဆောက်အကောင် အထည်ဖော်ရေး ရည်ရွယ်ချက်များဖြင့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မကွေး) ကို မကွေးတက္ကသိုလ်၌ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်သည်။
ပွဲ‌တော်တွင် စာပေစကားဝိုင်း၊ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများ၊ စကား ရည်လုပွဲများ၊ ဆွေးနွေးပွဲများ စသည့် စာပေဆိုင်ရာ လှုပ်ရှားမှုများ၊ အနု ပညာ၊ အားကစားနှင့် အိုင်တီနည်း ပညာဆိုင်ရာ လှုပ်ရှားမှုများ၊ ပညာ ပေးနှင့် ဖျော်ဖြေရေးအစီအစဉ်များ ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်

No comments:

Post a Comment