Wednesday, November 20, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ




နေပြည်တော် နိုဝင်ဘာ ၁၉

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံ သံအမတ်ကြီး မစ္စတာ သောမက်စ် ကာလ် နိုင်ဇင်ကာ အား ယနေ့ နံနက် ၉ နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဂျာမနီ နှစ်နိုင်ငံ ဆက်ဆံမှုမြှင့်တင်ရေးနှင့် ပညာရေး၊ အသက်မွေးဝမ်းကျောင်း ပညာရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာ ကိစ္စရပ်တို့ကို ရင်းနှီးပွင့်လင်း စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။ သတင်းစဉ်

No comments:

Post a Comment