Thursday, October 31, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ သံအမတ်ကြီး၊ နော်ဝေနိုင်ငံသံအမတ်ကြီးနှင့် ဆွစ်ဇာလန်နိုင်ငံမှ GICHD ၏ General Director တို့အား သီးခြားစီလက်ခံတွေ့ဆုံ




Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် အောက်တိုဘာ ၃၀




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး သည် နယူးဇီလန်နိုင်ငံ သံအမတ်ကြီး Mr. Stephen Marshall ၊ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့် ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD) ၏ General Director , Ambassador Mr. Stefano Toscano တို့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာ ခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံသည်။
မြန်မာနိုင်ငံဆိုင်ရာ နယူးဇီလန်နိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စ၊ မသန်စွမ်းသူများ တရားစီရင်ရေးကို လက်လှမ်းမီရရှိရေးဆိုင်ရာကိစ္စနှင့် မြန်မာနှင့် နယူးဇီလန်တို့အကြား ပူးပေါင်းဆောင်ရွက် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မိုင်းဒဏ်ခံစားရသူ များအား ထောက်ပံ့ပေးနေမှုနှင့် ပြန်လည်ထူထောင်ရေးကိစ္စ၊ နိုဝင်ဘာလအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပမည့် Anti-Personnel Mine Ban Convention ၏ စတုတ္ထအကြိမ်မြောက် ညီလာခံနှင့်စပ်လျဉ်းသည့်ကိစ္စ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်စပ်လျဉ်း၍ နောက်ဆုံး အခြေအနေ၊ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့်စပ်လျဉ်း၍ လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြ သည်။
ဆွစ်ဇာလန်နိုင်ငံမှ Geneva International Centre for Humanitarian Demining (GICHD) ၏ General Director , Ambassador Mr. Stefano Toscano နှင့် တွေ့ဆုံစဉ် ယနေ့ကျင်းပသည့် National Mine Action Authority အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မိုင်းကိစ္စများနှင့် စပ်လျဉ်း၍ အာဆီယံဒေသတွင်း မိုင်းစင်တာ (ARMAC)နှင့် ပူးပေါင်း ဆောင်ရွက်နေမှု ၊ မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွစ်ဇာလန်နိုင်ငံနှင့် Geneva International Centre တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment