Thursday, October 31, 2019

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ပေးအပ်သည့်တာဝန်များအပေါ် အကောင်းဆုံးဖြစ်အောင်ထမ်းဆောင်




Image may contain: 4 people, people standing
နေပြည်တော် အောက်တိုဘာ ၃၀ 



ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်းအမှတ်စဉ် (၁၄)၏ သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။
အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးများ၊ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဆရာ၊ ဆရာမ များ၊ သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။
နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေး
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် နယ်စပ် ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ပေး လျက်ရှိကြောင်း၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူငယ် များအား အခြေခံ၊ အဆင့်မြင့်ပညာရပ်များ လေ့ကျင့် သင်ကြားပေးပြီး နယ်စပ်ဒေသများ၏ လူ့စွမ်းအားအရင်း အမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက် နိုင်ရန် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်၊ ရန်ကုန်နှင့် စစ်ကိုင်းတို့ကို ထူထောင်ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် စစ်ကိုင်းကို စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ဝိဇ္ဇာဘွဲ့ ၃၅၉ ဦး၊သိပ္ပံဘွဲ့ ၆၇၀၊ B.Tech ၁၃၉ ဦး၊ အင်ဂျင်နီယာ ဒီပလိုမာ ၆၀၅ ဦးစုစုပေါင်း တိုင်းရင်းသားလူငယ် ၁၇၇၃ ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ အရည်အချင်း ပြည့်မီ၍ ဆက်လက်သင်ယူလေ့လာခဲ့ကြရာ Ph.D ဘွဲ့ ၁၈ ဦး၊ မဟာဝိဇ္ဇာဘွဲ့ ၄၆ ဦး၊ မဟာသိပ္ပံဘွဲ့ ၉၄ ဦး၊ ME ၁၉ ဦး၊ BE ၂၆၂ ဦး၊ B.Tech ၂၀၇ ဦး ရှိပြီဖြစ်ကြောင်း။
အရည်အသွေးမြင့်မားလာအောင် လေ့လာ
ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် ဝန်ထမ်းများဖြစ်လာစေရေး အစဉ်လေ့လာသင်ယူနေသည့် လူ့ဘောင်အဖွဲ့အစည်း အတွင်းတွင် Long Life Learning အနေဖြင့် လက်ရှိထက် ပိုပြီးအဆင့်မြင့်သည့် မဟာဘွဲ့သင်တန်း၊ ပါရဂူဘွဲ့သင်တန်း များကို နိုင်ငံ့တာဝန်များထမ်းဆောင်ကြရင်း တစ်ပြိုင်နက် ဆက်လက်တက်ရောက်ဆည်းပူးနိုင်အောင် ကြိုးစားသွား ကြရန်၊ ပြောင်းလဲလာသည့်ခေတ်နှင့်အညီ အင်္ဂလိပ်စာနှင့် ICT နည်းပညာများကိုလည်း မျက်ခြည်မပြတ်လေ့လာသွား ကြရန်၊ ICT နည်းပညာနှင့် Social Media တို့ကိုလည်း မိမိကိုယ်တိုင်၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ ကောင်းကျိုး ရရှိစေရေးအတွက်သာ အသိ သတိဖြင့် အသုံးပြုလေ့လာ ကြရန်နှင့် မိမိတို့၏ ကိုယ်ပိုင်အရည်အချင်း၊ အရည်အသွေး များ ပိုမိုမြင့်မားလာအောင်လည်း စဉ်ဆက်မပြတ် လေ့လာ ဆည်းပူးသွားကြရန် မှာကြားလိုကြောင်း။
သင်တန်းဆင်းမောင်မယ်တို့အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးမှာ “နိုင်ငံ့ဝန်ထမ်း” များအဖြစ် တာဝန်ထမ်းဆောင်ကြတော့မည်ဖြစ်သဖြင့် လုပ်ရည် ကိုင်ရည်ရှိသည့်၊ ယုံကြည်ချက်ခိုင်မာမှုရှိသည့်၊ ကျင့်ဝတ် သိက္ခာပြည့်စုံသည့်၊ ဘက်လိုက်မှုကင်းရှင်းစွာဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရေး၊ ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည်မြင့်မားတိုးတက်စေရေး အခြေခံအုတ်မြစ် များဖြစ်သည့် စရိုက်လက္ခဏာကောင်းမွန်မှု၊ ကိုယ်ကျင့် တရားကောင်းမွန်မှု၊ တန်းတူညီမျှမှု၊ စွမ်းဆောင်ရည်ပြည့်ဝမှု တို့ဖြင့် ပြည့်စုံသူများဖြစ်လာစေရန် လိုအပ်ကြောင်း။
မူးယစ်ကင်းစင်သည့် ပတ်ဝန်းကျင်ဖြစ်ရန်
ထို့အပြင် တာဝန်ကျရာဒေသများတွင် မိမိတို့၏ ဌာန တာဝန်များအပြင် တိုင်းပြည်၏ အပစ်အခတ်ရပ်စဲရေးမှ ငြိမ်းချမ်းတည်ငြိမ်ရေးရရှိသည်အထိ ကျရာကဏ္ဍမှ ပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြရန်၊ မိမိကိုယ်တိုင်က မူးယစ် ဆေးဝါးကင်းစင်သည့်သူဖြစ်ဖို့လိုသလို ဒေသခံပြည်သူလူထု ကိုလည်း မူးယစ်ဆေးဝါးကင်းစင်သူများ၊ မူးယစ်ကင်းစင် သည့် ပတ်ဝန်းကျင်ဖြစ်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ ရောက်ရှိရာဒေသများရှိ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှု၊ စာပေနှင့် ဓလေ့ထုံးစံများကို အစဉ်မြတ်နိုးစွာ ထိန်းသိမ်းသွားကြရန်၊ မူလလုပ်ငန်းတာဝန်များအပြင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းများ၊ အသိပညာပြန့်ပွားဖြန့်ဝေရေး လုပ်ငန်းများကိုလည်း တတ်နိုင်သရွေ့ စီမံဆောင်ရွက်ပေးကြရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျရာကဏ္ဍမှ မိမိတို့ထမ်းဆောင် ရမည့် တာဝန်ဝတ္တရားများကို စေတနာထားပြီး တာဝန်သိမှု၊ တာဝန်ခံမှု၊ တာဝန်ယူမှုများနှင့် ဇွဲ၊ လုံ့လဝီရိယ၊ ကျွမ်းကျင်မှု၊ လေ့လာဆည်းပူးမှုနှင့်အတူ ပေးအပ်သည့်တာဝန်များအပေါ် အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်ကြရန် တိုက်တွန်း မှာကြားသည်။
အလုပ်ခန့်အပ်လွှာများ ပေးအပ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရ ကျောင်းသားနှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆု ရကျောင်းသားတို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က A.G.T.I ထူးချွန်ဆု ရရှိသူအားလည်းကောင်း ထူးချွန်ဆုများ ပေးအပ်ချီးမြှင့် ခဲ့သည်။ ယင်းနောက် ဝန်ကြီးဌာန ၁၃ ခုတို့မှ ကိုယ်စားလှယ် များက ဝန်ကြီးဌာနအသီးသီးသို့ အလုပ်တာဝန် ခန့်အပ်ခြင်း ခံရသော သင်တန်းဆင်းကျောင်းသား ကျောင်းသူ ၂၀၆ ဦး တို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများကို ခင်မင်ရင်းနှီးစွာနှုတ်ဆက်ပြီး ဘွဲ့နှင်းသဘင်ဧည့်ခန်း၌ ထူးချွန်ဆုရကျောင်းသား ကျောင်းသူများအား အားပေး စကားပြောကြားသည်။
ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနှင့် ဧည့်သည်တော်များသည် သင်တန်းဆင်း ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့က သင်တန်းဆင်း ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြု ညနေစာဖြင့် တည်ခင်းဧည့်ခံသည်။
တိုင်းရင်းသားလူငယ် ၂၀၆ ဦး အောင်မြင်
ယနေ့ကျင်းပသော ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ် (၁၄)တွင် ဝိဇ္ဇာဘွဲ့ ၄၆ ဦး၊ သိပ္ပံဘွဲ့ ၈၄ ဦးနှင့် A.G.T.I ဒီပလိုမာ ၇၆ ဦး၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တိုင်းရင်းသားလူငယ်မောင်မယ် စုစုပေါင်း ၂၀၆ ဦး တက်ရောက်အောင်မြင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment