Thursday, October 17, 2019

နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ရောက်ရှိ




Image may contain: 10 people, people smiling, people standing and wedding
နေပြည်တော် အောက်တိုဘာ ၁၆


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ တရားဝင် ချစ်ကြည်ရေးခရီးလည်ပတ်ရန် ယနေ့ညနေ ၅ နာရီခွဲတွင် နီပေါလေကြောင်း လိုင်းဖြင့် နေပြည်တော်သို့ ရောက်ရှိလာသည်။
ကြိုဆိုနှုတ်ဆက်
နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီ ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းသိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim Krishna Udas ၊ နီပေါနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment