Friday, October 25, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အဖွဲ့ ဂျပန်နိုင်ငံမှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ

Image may contain: 9 people, people smiling, people standing and suit


ရန်ကုန် အောက်တိုဘာ ၂၄


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန် နိုင်ငံ တိုကျိုမြို့၌ ကျင်းပသည့် ဂျပန် ဧကရာဇ် ထီးနန်းတက်ပွဲအခမ်းအနား သို့ တက်ရောက်ခဲ့ပြီး အောက်တိုဘာ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီခွဲတွင် ဂျပန်နိုင်ငံမှ All Nippon Airways လေကြောင်းဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာသည်။


ပို့ဆောင်နှုတ်ဆက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမြင့်သူ၊ ဂျပန်နိုင်ငံ ဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး တင်စိုး၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများ၊ မြန်မာသံရုံးနှင့် စစ်သံရုံးတို့မှ ဝန်ထမ်းများနှင့် သံရုံး မိသားစုများက နာရီတာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အဖွဲ့သည် ရန်ကုန်မြို့သို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိချီရို မာရူယားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။



သတင်းစဉ်

No comments:

Post a Comment