Thursday, October 31, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ “ကျွန်ုပ်တို့၏ သမုဒ္ဒရာ” ညီလာခံ တက်ရောက်




Image may contain: 19 people, people smiling, people standing
နေပြည်‌တော် အောက်တိုဘာ ၃၀




စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူသည် အောက်တိုဘာ ၂၃ ရက်က နော်ဝေနိုင်ငံ အော်စလိုမြို့၌ ကျင်းပပြုလုပ်သော “ကျွန်ုပ်တို့၏ သမုဒ္ဒရာ” ညီလာခံသို့ တက်ရောက် ခဲ့သည်။
အဆိုပါညီလာခံတွင် နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Ms. Erna Solberg က အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှ ဝန်ကြီးများနှင့် သိပ္ပံပညာရှင်များက သမုဒ္ဒရာများ ရင်ဆိုင်နေရသည့် ပြဿနာများအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ချက်နှင့် ရာသီဥတုပြောင်းလဲမှုအပေါ် အရေးယူ ဆောင်ရွက်မှု၊ သမုဒ္ဒရာများ ညစ်ညမ်း မှုအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ငါးအလွန်အကျွံ ဖမ်းဆီး မှုနှင့် ရေလုပ်ငန်းစီမံအုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုများအပေါ် အရေးယူ ဆောင်ရွက်မှု၊ သမုဒ္ဒရာများမှ ရရှိမည့် အစားအစာနှင့် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ၊ ရေရှည် တည်တံ့သော ပင်လယ်သမုဒ္ဒရာ စီးပွားရေး တည်ဆောက်ခြင်း၊ သမုဒ္ဒရာများ သန်မာအားကောင်းရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေး ကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူက ရေရှည်တည်တံ့သော ငါးလုပ်ငန်းအခန်းကဏ္ဍတွင် မြန်မာ့ ရေပြင်အတွင်း အထူးငါးလုပ်ငန်း စီမံ ခန့်ခွဲသည့် ဧရိယာများနှင့် ငါးသယံ ဇာတ ထိန်းသိမ်းရေးဇုန်များ ထပ်မံ တိုးချဲ့သတ်မှတ် အကောင်အထည် ဖော် ဆောင်ရွက်သွားမည့် အစီအစဉ် များကို ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် တောင်ကိုရီးယား သမ္မတနိုင်ငံ ပင်လယ်သမုဒ္ဒရာနှင့် ငါးလုပ်ငန်းဝန်ကြီး Mr. Moon Seong-hyeok နှင့် တွေ့ဆုံပြီး နှစ်နိုင်ငံ ငါးလုပ်ငန်းဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များနှင့် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များကို ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စု ဝန်ကြီးသည် အောက်တိုဘာ ၂၄ ရက် မွန်းလွဲပိုင်း တွင် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr.Dag-IngeUlstein နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ငါးလုပ်ငန်း နယ်ပယ်တွင် စွမ်းဆောင်ရည်မြင့်မား လာရေးနှင့် သယံဇာတရင်းမြစ် စီမံ ခန့်ခွဲမှုများအတွက် “ဖွံ့ဖြိုးတိုးတက်မှု အတွက် ငါးလုပ်ငန်းကဏ္ဍ ” အစီအစဉ် ဖြင့် နော်ဝေနိုင်ငံမှ ပံ့ပိုးကူညီပေး နေသည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:

Post a Comment