Thursday, October 24, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ဧကရာဇ်၏ညီမတော် တော်ဝင်မင်းသမီး ယိုကိုနှင့် တွေ့ဆုံ




Image may contain: 4 people, people sitting, table and indoor
တိုကျို အောက်တိုဘာ ၂၃



 

ဂျပန်နိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းတွင် Nikkei သတင်းဌာနနှင့် Mainichi သတင်းဌာနတို့မှ သတင်းမီဒီယာသမားများကို The Imperial Hotel ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် သတင်းမီဒီယာသမားများက မေးမြန်းသည့် မြန်မာ-ဂျပန် နှစ်နိုင်ငံအကြား ဆက်ဆံရေးကိစ္စရပ်များ၊ စီးပွားရေးကဏ္ဍပူးပေါင်း ဆောင်ရွက်မှုအခြေအနေ၊ တိုးတက်မှုအခြေအနေနှင့် အခြားသိရှိလိုသည် များကို ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်ဧကရာဇ်၏ ညီမတော် တော်ဝင်မင်းသမီး ယိုကိုနှင့် တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာ ၌ တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ရောက်ရှိပြီး ဂျပန်နိုင်ငံ၌ ပညာသင်ကြားလျက်ရှိသော အစိုးရဝန်ထမ်း ပညာတော်သင်များ၊
မိမိအစီအစဉ်ဖြင့် လာရောက်ပညာ သင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။
အကျိုးရှိအောင်အသုံးချ
တွေ့ဆုံစဉ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က သင်ယူရရှိသည့်ပညာ ရပ်များကို နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံသားများအတွက် ပြန်လည်အသုံး ချကြရန်လိုကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် ပါဝင်ဖြည့် ဆည်းပေးနိုင်မည့်နေရာမှ ပါဝင် ဆောင်ရွက်ကြစေ လိုပါကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ် များကို မိမိအတွက်၊ အများအတွက် အကျိုးရှိအောင် ပြန်လည်အသုံးချရ မည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းနှင့် နိုင်ငံတော်က ချမှတ်ထားသော ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများကိုလည်း သိရှိနားလည်အောင် လေ့လာကြရန် တိုက်တွန်းပါကြောင်း ပြောကြား သည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံ ရောက် ပညာတော်သင်ကျောင်းသား ကျောင်းသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
ညပိုင်းတွင် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်သည် ဂျပန်နိုင်ငံဝန်ကြီး ချုပ်နှင့် ဇနီးတို့က ဂျပန်ဧကရာဇ် ထီးနန်းတက်ပွဲအခမ်းအနားသို့ တက် ရောက်လာကြသည့် ပြည်ပနိုင်ငံများ မှ နိုင်ငံခေါင်းဆောင်များအား Hotel New Otani ၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။
သတင်းစဉ်

No comments:

Post a Comment