Wednesday, October 16, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ASEAN-Korea Train အစီအစဉ် ကြိုဆိုပွဲ တက်ရောက်





Image may contain: 20 people, people smiling, people standing
ဆိုးလ် အောက်တိုဘာ ၁၅




ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင် သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီ တွင် ကိုရီးယားသမ္မတနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိပြီး မွန်းတည့် ၁၂ နာရီတွင် ဆိုးလ်မြို့ရှိ Hilton Hotel Grand Ballroom ၌ ကျင်းပသော ASEAN-Korea Train အစီအစဉ် ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်သည်။
မှတ်တမ်းဗီဒီယိုပြသ
ဖွင့်ပွဲအခမ်းအနားတွင် ASEAN-Korea Centre မှ Secretary General Mr. Lee Hyukနှင့် ဖိလစ်ပိုင်နိုင်ငံမှ ခရီးသွားလုပ်ငန်းဆိုင်ရာ Assistant Secretary Mr. Reynaldo Lacao Ching တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ASEAN-Korea Train မှတ်တမ်းဗီဒီယိုပြသသည်။
ထို့နောက် ကိုရီးယားသမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ် များသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆိုးလ်မြို့ Yeouido တွင် တည်ရှိသည့် KBS Hall ( Korean Broadcasting System) တွင် ပြုလုပ် သော KBS Open Concert နှင့် ASEAN-Korea Train အစီအစဉ်အား ကြိုဆို သည့် ညစာစားပွဲသို့ တက်ရောက်ကြသည်။
တက်ရောက်
ဖွင့်ပွဲနှင့် ညစာစားပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကိုရီးယားသမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် ၊ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားသော ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်ကျော်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးပညာဌာနမှ ပါမောက္ခ(ဌာနမှူး) ဒေါက်တာဒေါ်ချောချောစိန်၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အလုပ်အမှုဆောင် ဒေါက်တာစိုးထွန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သရုပ်ဆောင် မျိုးထွဋ်နိုင် (ခ) ခါရာ၊ ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် ဦးမျိုးသူရကိုကိုနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဝင် သန့်လွင်ဦး (ခ) စူးရှရှင်းသန့်တို့ တက်ရောက်ကြသည်။ သတင်းစဉ်

No comments:

Post a Comment