Thursday, September 19, 2019

ဆိုရှယ်မီဒီယာအသုံးပြုမှုဆိုင်ရာ မဟာဗျူဟာနည်းလမ်းများနှင့် ရုံးတွင်းအသုံးပြုမှုလမ်းòန်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ




Image may contain: one or more people and indoor
နေပြည်တော် စက်တင်ဘာ ၁၈



ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် နှင့် International Foundation for Electoral Systems (IFES) တို့ ပူးပေါင်း၍ ဆိုရှယ်မီဒီယာ အသုံးပြုမှု ဆိုင်ရာ မဟာဗျူဟာနည်းလမ်းများနှင့် ရုံးတွင်း အသုံးပြုမှုလမ်းòန်သင်တန်းဖွင့် ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး သင်တန်း ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊IFES မှ တာဝန်ရှိသူ များ၊ နည်းပြဆရာများနှင့် ကော်မရှင်ရုံးမှ အရာထမ်းသင်တန်းသား၊ သင်တန်းသူ များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ယနေ့ ဖွင့်လှစ်သည့် သင်တန်းသည်Facebook မှတစ်ဆင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက် အလက်များ ထိရောက်စွာအသုံးပြုနိုင် ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ အရာထမ်းများအတွက် မွမ်းမံသင်တန်း ဖြစ်ပါကြောင်း၊ ယနေ့ မျက်မှောက်ခေတ် လူမှုဆက်ဆံရေး နယ်ပယ်တွင် ဆိုရှယ်မီဒီယာ (Social Media)သည် အရေးကြီးသော အခန်းကဏ္ဍတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါကြောင်း၊ ဆိုရှယ်မီဒီယာ စာမျက်နှာ များသည် အသုံးပြုမှုများပြားလာပြီး သတင်းအချက်အလက်မျှဝေရာ နေရာ တစ်ခုအဖြစ် အသုံးပြုလာကြသည်ကို တွေ့ရပါကြောင်း၊ ဆိုရှယ်မီဒီယာ အသုံးပြုခြင်းသည် အကျိုးကျေးဇူးများ ရှိသကဲ့သို့ အ္တရာယ်များ၊ စိန်ခေါ်မှုများ လည်း ရှိပါကြောင်း၊ စိန်ခေါ်မှုများဖြစ်သည့် အဆိုးမြင်တင်ပြချက်များ၊ သတင်းအမှား များ၊ တရားမဝင် စာမျက်နှာများ၊ စာမျက်နှာအတုများ စသည်တို့ကို သတိပြုဆောင်ရွက်သွားရန် လိုအပ် သကဲ့သို့ ဖြေရှင်းဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အနေဖြင့် (၂၀၁၉-၂၀၂၂) မဟာဗျူဟာ စီမံကိန်းအခန်း(၅)တွင် ရွေးကောက်ပွဲ လုပ်ငန်းစဉ်နှင့် သက်ဆိုင်သော အချက် အလက်များ၊ စာရွက်စာတမ်းများအား ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် Website နှင့် Social Mediaတို့မှ ရယူ၍ ပိုမိုထိရောက်စွာ အသုံးပြုနိုင်ရေး ဆောင်ရွက်ခြင်းကို ထည့်သွင်းရေးဆွဲထား ပါကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူလူထုထံ သတင်းအချက်အလက် အမြန်ဆုံး ရောက်ရှိနိုင်မည့် Fခေနဘသသု ကိုလည်း အသုံးပြုသွားရမည်ဖြစ်ပါကြောင်း။
၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံးအကြိမ် မဲပေးကြမည့် လူငယ်များ (First Time Youth Voter) ငါးသန်းခန့် ရှိမည် ဖြစ်ပြီး လူငယ်များ ရွေးကောက်ပွဲတွင် ပါဝင်လာစေရန် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ အသိပေးရ မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် လူငယ် များနှင့် ထိတွေ့မှုရှိပြီးဖြစ်သည့်Facebook ကို အသုံးပြုပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်များတွင် လူငယ်များ စိတ်ပါဝင်စားစွာနှင့် တက်ကြွစွာပါဝင်လာစေရေး စည်းရုံး လှုံ့ဆော်ပေးရမည် ဖြစ်ပါကြောင်း၊ Facebook အသုံးပြုပြီး ရွေးကောက်ပွဲ ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိထားသင့်သည့် အချက်များ၊ ဆောင်ရန်၊ ရှောင်ရန်များကို ယနေ့သင်တန်းက ပို့ချပေးသွားမည် ဖြစ်ပါကြောင်း၊ သတင်းအချက်အလက် ပေးရန် ရည်ရွယ်ပြီး Facebook ကို အသုံးပြုရာတွင် လိုက်နာဆောင်ရွက်သင့် သည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များ ဖော်ထုတ်၍ ဆိုရှယ်မီဒီယာ အသုံးပြုမှုလမ်းညွှန်(မူကြမ်း) တစ်ခုရရန် အတွက် ဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများ အနေဖြင့် တိုးတက်လာသည့် နည်းပညာ များနှင့်အညီ ထိရောက်စွာ အသုံးချ၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ် များနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲကို ချမှတ်ထားသည့် စံ(၅)ချက်နှင့်အညီ အောင်မြင်စွာ ကျင်းပနိုင် ရေး ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ အဆိုပါ သင်တန်း သည် တစ်ရက်တာ ပြုလုပ်မည့် သင်တန်း ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment