Friday, September 6, 2019

တည်ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ်အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို အတည်ပြု
No photo description available.
နေပြည်တော် စက်တင်ဘာ ၅
ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၁၇) ရက်မြောက်နေ့တွင် မြောင်းမြ မဲဆန္ဒနယ်မှ ဒေါက်တာဦးစိုးမိုးသူ တင်သွင်း သည့် ဘဏ္ဍာရေးနှစ် ပြောင်းလဲသတ်မှတ်ခြင်း ၏ အနှစ်သာရအား ပိုမိုထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရေးအတွက် လာမည့် ဘဏ္ဍာရေးနှစ်မှ စတင်ကာ တည် ဆောက်ရေး တင်ဒါခေါ်ယူခြင်း လုပ်ငန်းများ အား ဘဏ္ဍာရေးနှစ်၏ ပထမသုံးလပတ် အတွင်း အပြီးအပြတ် ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို အတည်ပြုခဲ့သည်။
အဆိုနှင့်စပ်လျဉ်း၍ လောင်းလုံးမဲဆန္ဒ နယ်မှ ဒေါ်ခင်စန္ဒီက ဆွေးနွေးရာတွင် ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာနမှ ရန်ပုံငွေခွဲဝေချထားရေး အတည်ပြုစာ ကို လက်ခံရရှိပြီးနောက် သက်ဆိုင်ရာဌာန များက တင်ဒါခေါ်ယူခွင့်ပြုမိန့်ကို တင်ပြ တောင်းခံခြင်း၊ သတင်း စာများတွင် တင်ဒါခေါ်ယူခြင်းတို့ကို အောက်တိုဘာလအတွင်း ပြီးစီးအောင် ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ သတင်းစာမှ တင်ဒါခေါ်ယူပြီး တစ်လစောင့်ဆိုင်းရမည် ဖြစ်သည့်အတွက် တင်ဒါပူးပေါင်းစစ်ဆေးခြင်း၊ တင်ဒါ အောင်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုခြင်းတို့ကို ဒီဇင်ဘာလတွင် အပြီးဆောင်ရွက်သင့်ပါကြောင်း၊ သို့မှသာ ဒုတိယ ၃ လပတ်အစတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ထိရောက် စွာစတင်နိုင်ပြီး တတိယ ၃ လပတ် ပွင့်လင်းရာသီတွင် အနည်းဆုံးလုပ်ငန်းတစ်ခု၏ ၈၀ ရာခိုင်နှုန်းကို ပြီးစီးထားနိုင်ရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ပြောင်းလဲသတ်မှတ်လိုက်သည့် ဘဏ္ဍာရေးနှစ်၏အနှစ်သာရ နှင့် အဓိပ္ပာယ်ပြည့်၀စေရေးအတွက် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ တင်ဒါလုပ်ငန်း စိစစ်ရေးတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ဆောင် ရွက်မည့်သူများမှ အချိန်မီပြီး စီးနိုင်ရေးအတွက် တင်ဒါခေါ်ယူခြင်းမှစပြီး တည် ဆောက်ရေးလုပ်ငန်း အဆင့်ဆင့်ပြီးမြောက် သည်အထိ တိကျစွာအကောင် အထည်ဖော်ဆောင်ရွက်ပေးပါရန် တိုက်တွန်းဆွေးနွေးသည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ခင်မောင် ဆွေက ဘဏ္ဍာရေးနှစ် ပြောင်းလဲလိုက်ခြင်းကြောင့် ပွင့်လင်းရာသီအစတွင် တင်ဒါလုပ်ငန်းများ ဆောင်ရွက်နေရခြင်း၊ မဖြစ်မနေလုပ်ငန်း လက်စသတ်ရ မည့်အချိန်တွင် မိုးရာသီကာလအခက်အခဲကြုံတွေ့ရခြင်းတို့ကို ထောက်ရှုခြင်း အားဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အချိန်နည်းသွားရသည့် သဘောသက်ရောက်နေသည်ဟု ယူဆပါကြောင်း၊ အဆိုပါအချက်များကြောင့် ယခင်ဘဏ္ဍာရေးနှစ် ကာလသတ်မှတ်ချက်က ပိုမိုသင့်လျော်သည်ဟု သုံးသပ်မိ ပါကြောင်း။
ဘဏ္ဍာရေးနှစ်ပြောင်းလဲပြင်ဆင်ခြင်းကြောင့် လက်တွေ့အကျိုးရှိ၊ မရှိ ဆင်ခြင်သုံးသပ်ဘဏ္ဍာရေးနှစ်ပြောင်းလဲပြင်ဆင်ခြင်းကြောင့် လက်တွေ့အကျိုးရှိ၊ မရှိ ဆင်ခြင်သုံးသပ်ကြရန်နှင့် တင်ဒါလုပ်ငန်းဆောင်ရွက်ရာတွင် ၆ လ အကောင် အထည်ဖော်သည့်တိုင် ၅၀ ရာခိုင်နှုန်း လောက် သာပြီးသည့်လုပ်ငန်းများကို ၃ လအတွင်းတွင် ၁၀၀ ရာခိုင်နှုန်း ပြီးပြတ်အောင် ဆောင်ရွက်စေခြင်းသည် အခက်အခဲကို ကျော်လွှားနိုင်မည့် နည်းလမ်းများအား အကြံပြုတင်ပြခြင်း မဟုတ်ဘဲ အခက်အခဲများကို အချိန်တိုအတွင်း အကျပ်ကျပ်အတည်းပေါင်းများစွာဖြင့် ရင်ဆိုင်စေခြင်းဖြစ်နေပါသဖြင့် ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်ကြောင်း အကြံ ပြုထောက်ပြဆွေးနွေးသည်။
ဆက်လက်၍ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်း သိုင်း၊ နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ ပေါင်းတည်မဲဆန္ဒနယ်မှ ဦးအေးမင်း အောင်၊ ဖားကန့်မဲဆန္ဒနယ်မှ ဦးတင့်စိုး၊ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ ကျုံပျော်မဲဆန္ဒနယ်မှ ဦးစိုးအောင်နိုင်၊ မင်းလှမဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ)ဦးအုန်းခင်၊ ကျေးသီးမဲဆန္ဒနယ်မှ ဦးစိုင်းအောင်ကျော်၊ တန့်ဆည်မဲဆန္ဒနယ်မှ ဦးမြင့်ထွန်း၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး(ခ)ဦးအတွတ်၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦး သန်းအောင်စိုး၊ လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ကန်ပက်လက်မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီတို့က ဆွေးနွေးကြသည်။
ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့တို့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလမ်းòန်ချက်(၁/၂၀၁၇)နှင့်အညီဆောင်ရွက် ရာတွင် လိုအပ်သောပုံစံ အချက်အလက်များ ပြည့်စုံစွာဖြင့် စနစ်တကျ တင်ဒါ ခေါ်ယူမှသာ တင်ဒါလုပ်ငန်းစဉ်များ ကြန့်ကြာမှုမရှိဘဲ လုပ်ငန်းများဆောလျင်စွာ စတင်နိုင်မည်ဖြစ်ပြီး ဘဏ္ဍာရေးနှစ်ပြောင်းလဲခြင်း၏ အနှစ်သာရအား ပိုမို ထိရောက်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါကြောင်း။
ရန်ပုံငွေခွင့်ပြုမိန့်ရရှိပြီးမှသာ တင်ဒါလုပ်ငန်းစတင်ရမည်ဖြစ်၍ ဘဏ္ဍာ ရေးနှစ် ပထမ(၃)လပတ်ကာလအတွင်း တည်ဆောက်ရေးတင်ဒါခေါ်ယူခြင်း လုပ်ငန်းများ အပြီးအပြတ်ဆောင်ရွက်နိုင်ရန်အတွက် ဘဏ္ဍာရေးအရအသုံး ဆိုင်ရာ ရန်ပုံငွေခွင့်ပြုမိန့်နှင့် လုပ်ငန်းအတည်ပြုချက်များအား ဘဏ္ဍာရေးနှစ်မတိုင်မီ အတည်ပြုခွင့်ပြု မိန့်ချမှတ်ပေးရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းစီမံကိန်း အဆိုပြု လွှာ (Project Proposals)များ တင်ပြရာတွင် Feasibility study report စနစ်တကျရေးသားတင်ပြစေခြင်း၊ Design, Drawing, Estimate,B.Qများ စနစ်တကျ ရေးဆွဲတွက်ချက်ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်း စိစစ်ညှိနှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း)ဥက္ကဋ္ဌမှ ဘတ်ဂျက်ထဲတွင် ထည့် သွင်းလျာထားလိုသော တည်ဆောက်ရေး လုပ်ငန်းများကို ကြိုတင်လေ့လာဆန်းစစ်ခြင်း၊ မြေနေရာ အတည်ပြုချက် ရယူခြင်း၊ ပုံထုတ်ခြင်းနှင့် ခန့်မှန်းခြေစာရင်းရေးဆွဲခြင်းများကို တည်ဆောက်ရေး လုပ်ငန်း အကောင်အထည်ဖော်မည့် ဘဏ္ဍာနှစ်မရောက်မီ (၁)နှစ်ကြိုတင်၍ ဆောင်ရွက်ပြီးမှသာ ဘတ်ဂျက်တင်ပြတောင်းခံကြရန် ဝန်ကြီးဌာနများသို့ လိုက်နာဆောင်ရွက်ရန် ဖြန့်ဝေထားပြီးဖြစ်ပါကြောင်း၊ လိုအပ်သည်များ ကြိုတင်ဆောင်ရွက်ခြင်းဖြင့် တည်ဆောက်ရေးတင်ဒါ ခေါ်ယူခြင်းလုပ်ငန်းများ အား ဘဏ္ဍာရေးနှစ်၏ ပထမ(၃)လပတ်တွင် အပြီးအပြတ် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။
သက်ဆိုင်ရာလုပ်ငန်းများအားလုံးကို ဘဏ္ဍာရေးနှစ်ပြောင်းလဲပြီး အောက် တိုဘာ ၁ ရက် ပွင့်လင်းရာသီအစတွင် ချက်ချင်းစတင်နိုင်ရန်အတွက် သက်ဆိုင် ရာဝန်ကြီးဌာနများက လိုအပ်သည့် Drawing များကို တစ်နှစ်ကြိုတင်ရေးဆွဲ ထားရန်၊ တည်ဆောက်သည့် မြေနေရာတွင်ရှိနေသည့် ကျူးကျော်များကို ဖယ်ရှားထားရန်၊ အဆောက် အဦအဟောင်းများကို ဖျက်သိမ်းထားရန် စသည် တို့ကို ဆောင်ရွက်ထားရန်အတွက် တည်ဆောက် ရေးလုပ်ငန်းစိစစ်ရေးကော်မတီ အစည်းအဝေးတွင် မိမိတို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဝန်ကြီးဌာနအားလုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့အားလုံးကို မှာကြားခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုအား ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ထောက်ခံပါ ကြောင်းနှင့် လွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သှူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုရှင်၏ သဘောထားရယူရာ အဆိုရှင်က အတည်ပြုပေးပါရန် ပြောကြားသည်။
ဆက်လက်၍ ပြည်သှူလွှတ်တော်ဥက္ကဋ္ဌက အဆိုအား အတည်ပြုရန် လွှတ်တော်၏သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည် ပြုကြောင်း ကြေညာသည်။
သံတောင်မြို့ ပြည်သူ့စာကြည့်တိုက်ကို
မြို့ရုံးအဆင့်ဖွင့်လှစ်ပေးနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်း
အစည်းအဝေးတွင် သံတောင်မဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏ သံတောင်မြို့ ပြည်သှူစာကြည့်တိုက်ကို မြို့ရုံးပြည်သှူစာကြည့်တိုက် အင်္ဂါရပ်နှင့် အညီ ပြန်လည်ဖွဲ့စည်းပေးနိုင်ခြင်း ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက "ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်မြို့၊ အမှတ်(၄)ရပ်ကွက်၊ မြေဧက ၀ ဒသမ ၂၇၃ တွင် (၆၀ _၂၀ _ ၁၂)ပေရှိ သွပ်မိုး၊ ပျဉ်ကာ၊ သမံတလင်းခင်း တစ်ထပ်အဆောက် အဦသည် ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သှူစာကြည့်တိုက်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သံတောင်မြို့နယ်ရှိ သံတောင်ကြီးမြို့ကို မြို့နယ်ခွဲအဆင့်တိုးမြှင့်ခဲ့သည့်အတွက် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် သံတောင်မြို့နယ်ရုံး ဖွင့်လှစ်ထားခြင်းကို ဖျက်သိမ်းပြီး သံတောင်မြို့နယ်ခွဲရုံး အဖြစ်ထားရှိ၍ သံတောင်ကြီးမြို့နယ်ခွဲကို သံတောင်ကြီးမြို့နယ်အဖြစ် တိုးမြှင့်ခဲ့ပါကြောင်း၊ ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူªဆက်ဆံရေးဦးစီးဌာနအနေ ဖြင့် သံတောင်ကြီးမြို့နယ်နှင့် သံတောင်မြို့နယ်ဟူ၍ ရုံး (၂) ရုံးဖွင့်လှစ်ဆောင် ရွက်ခဲ့ပါကြောင်း။
၂၀၀၇ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၂၀၀/၂၄-၆၅/ဦး ၁ ဖြင့် သံတောင်မြို့နယ်ခွဲကို မြို့နယ်ခွဲ စာရင်းမှ ပယ်ဖျက်ပြီး သံတောင်ကြီးမြို့နယ်၏ လက်အောက်ခံမြို့အဖြစ် သတ် မှတ်ခဲ့ပါကြောင်း၊ သံတောင်မြို့နယ်ခွဲရုံးကို ဆက်လက်ဖွင့်လှစ်နိုင်ခြင်းမရှိတော့ဘဲ အသစ်ဖွင့်လှစ်သည့် လိပ်သိုမြို့နယ်ခွဲနှင့် ဘောဂလိမြို့နယ်ခွဲများအတွက် စာအုပ်စာစောင်များ၊ ရုံးသုံးပရိဘောဂများနှင့် စက်ပစ္စည်းများ ကိုတစ်ဝက်စီ ခွဲဝေ၍ ရုံးများဖွင့်လှစ်ခဲ့ပါကြောင်း။
၂၀၁၈ ခုနှစ်၊ မေ ၂၁ ရက်တွင် သံတောင်ကြီးမြို့နယ်၊ အမှတ် (၁) မဲဆန္ဒ နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစောလှမြင့်က သံတောင်မြို့ စာကြည့်တိုက် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခြင်းရှိ၊ မရှိ ကြယ်ပွင့်မပြ မေးခွန်းမေး မြန်းလာခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်တွင် သံတောင်မြို့ရှိ ယခင်စာကြည့်တိုက် အဆောက်အအုံဟောင်းကို ဌာနခွင့်ပြုရန်ပုံငွေကျပ်ကျပ် ၉၀၄၇၀၀၀ တိတိဖြင့် ပြန်လည်ပြုပြင်ပြီး သံတောင် မြို့ပြည်သူ့စာကြည့်တိုက် အဖြစ် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပါကြောင်း။
ပြန်ကြားရေးနှင့်ပြည်သှူဆက်ဆံရေးဦးစီးဌာနအနေဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန (ယခင်ပြည်ထဲရေး ဝန်ကြီးဌာန)၏ မြို့နယ်များ၊ မြို့များ အဆင့်သတ်မှတ်ချက် အမိန့်ကြော်ငြာ စာအပေါ်တွင် မူတည်၍ မြို့နယ်ရုံး၊ မြို့ရုံးများဖွင့်လှစ်ဆောင်ရွက်ရပါကြောင်း၊ သံတောင်မြို့တွင် မြို့ရုံးအဆင့် ဖွင့်လှစ်ပေးရန်ကိစ္စနှင့်ပတ်သက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ၏ ထုတ်ပြန်ချက် ရရှိသည့်အခါမှသာ ဖွင့်လှစ်နိုင် ရေးစီစဉ်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ယခုအခါ သံတောင်မြို့တွင် မြို့ရုံးအဆင့် ဖွင့်လှစ်နိုင်ခြင်းမရှိသော်လည်း ဝန်ထမ်း (၂)ဦးဖြင့် ပြည်သူ့စာကြည့်တိုက်ဖွင့်လှစ်၍ သုတရသစာအုပ်ပေါင်း (၁၅၀၀)၊ စာအုပ်ဗီရို (၃) လုံး၊ စာအုပ်စင်(၂)စင်၊ ရုံးသုံးစားပွဲ (၆_၃)ပေ(၂)လုံး၊ ပလတ်စတစ်ထိုင်ခုံအလုံး (၃၀)၊ ကလေးစာဖတ်ခန်းသုံးစားပွဲ (၄) လုံးတို့ ဖြင့် ပြည်သူ့စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ ကျေးလက်နေတောင်သူများဘ၀ တိုးတက်မြင့်မားလာရေး ကျွဲ၊ နွားအရှင် တင်ပို့ခွင့်အရ နိုင်ငံ၏မွေးမြူရေးကဏ္ဍ တိုးတက်လာရေးနှင့် GDP တိုးတက်လာစေရေးအတွက် မိမိပိုင် လယ်မြေတွင် စားကျက်မြေ စိုက်ပျိုးနိုင်ခွင့်၊ စိုက်ပျိုးနည်းပညာနှင့် အထောက်အပံ့ချေးငွေများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က မြန်မာနိုင်ငံအတွင်း ကျွဲ၊နွားများ လျော့နည်းပျောက်ဆုံးမှု၊ အသားရှားပါးပြီး ဈေးနှုန်း ကြီးမြင့်လာမှု၊ ပြည်သူများစားသုံးမှု လိုအပ်ချက်ပြည့်ပြည့်၀၀ဖြည့်ဆည်းရန် ခက်ခဲလာမှု အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး၊ နိုင်ငံ၏ မွေးမြူရေးကဏ္ဍ တိုးတက်လာရေး အတွက် ကျေးလက်နေ တောင်သူများ၏ နွားမများကို မေထုန်မဲ့ သားစပ် လုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ ကျေးရွာများတွင် သဘာ၀ သားစပ် လုပ်ငန်း များကို စနစ်တကျဖြစ်အောင် စောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးခြင်း၊ ကူးစက် ရောဂါများကြောင့် ကျွဲ၊ နွားများ သေဆုံးမှုမရှိစေရေးအတွက် ကူးစက်ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ စီမံချက်များ ချမှတ်ဆောင်ရွက်ပေးခြင်းနှင့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက် စေရန်အတွက် နိုင်ငံတော်မှ မြစိမ်းရောင်စီမံကိန်းကဲ့သို့သော ထောက်ပံ့ငွေ အစီအစဉ်များကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိပြီး မွေးမြူရေးဆိုင်ရာ ပညာပေးသင်တန်းများအား ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တောင်သူများမှ မွေးမြူထားသော ကျွဲ၊ နွားများ၏ အစားအစာ များအတွက် လိုအပ်၍ သက်ဆိုင်ရာ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်များမှ ဥပဒေ နှင့်အညီ အခြားနည်းအသုံးပြုခွင့်ရရှိပြီး အဆိုတင်ပြလာပါက အထက်မြန်မာ ပြည်မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၉၁ အရလည်းကောင်း၊ ၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်းဥပဒေ အပိုဒ် ၇၀ အရလည်းကောင်း၊ စိုက်ပျိုးမြေများနှင့် ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများ၊ အခြားသစ်တောများ၊ သဘာ၀ပတ်ဝန်းကျင်များကို ထိခိုက်မှုမရှိစေဘဲ ကျွဲ၊ နွားနှင့် အခြားတိရစ္ဆာန်များ အတွက် လုံလောက်သည့် စားသုံးမှု ဖူလုံစေရန်အတွက် မြေလိုအပ်သည့် ပမာဏကို စနစ်တကျတွက်ချက်ပြီး လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲ တည်ဆောက်၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံသို့ တင်ပြခွင့်ပြု ချက်ရယူပြီး စားကျက်မြေအဖြစ် ဖော်ဆောင်ပေးနိုင်မည် ဖြစ်ပါကြောင်း။
မိမိပိုင်လယ် မြေ တွင်ဖြစ်စေ၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းတွင်ဖြစ်စေ အခြားနည်းခွင့်ပြုချက်များရရှိပါက စားကျက်မြေစိုက် ပျိုးအသုံးပြုခွင့်များ ရရှိလာမည်ဖြစ်ပြီး နေဗီယာမြက် အမျိုးအစားများအား စိုက်ပျိုး လုပ်ကိုင်နိုင်မည် ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း စိုက်ပျိုးရေးနည်းပညာ များကို အသိပညာပေးဟောပြောခြင်း၊ ကွင်းဆင်းနည်းပညာပေးခြင်းနှင့် ကျေးလက်နေတောင်သူများဘ၀ တိုးတက်မြင့် မားရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှလည်း မိုးစပါးနှင့် ဆောင်းသီးနှံများ စိုက်ပျိုးရန်အတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်း၊ သမဝါယမဦးစီးဌာနမှလည်း စိုက်ပျိုးရေးသမဝါယမနှင့် မွေးမြူရေး သမဝါယမစသည်ဖြင့် ထုတ်ချေးပေးလျက် ရှိရာ ယခုထက် ပိုမိုထုတ်ချေးပေးနိုင်ပါက မွေးမြူရေးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်မည်ဖြစ်၍ နိုင်ငံတော်၏ GDP ကိုလည်း တိုးတက် လာစေမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်
ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၏ မြန်မာန်ိုင်ငံ အနှံ့အပြားရှိ ကြိုးတံတားများကို လက်ရှိကြိုးတံတားကြီးများ၏ ခိုင်ခံ့မှုပိုမိုလာစေရန် ကြိုးအစား ထိုးခြင်း (သို့မဟုတ်)အခြားနည်းလမ်းရှာ၍ လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ် ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ကျွမ်းကျင်ပညာရှင်များ၏ စစ်ဆေးချက် အရ လက်ရှိကြိုး တံတားများအား ယခင်ခွင့်ပြုတန်ချိန်ထက် ထပ်မံလျှော့ချရန်၊ တံတား၏ အားနည်းသောအပိုင်းများကို အကြီးစားပြုပြင်ရန်၊ လက်ရှိတံတားကို အသုံးမပြုဘဲ အသစ်အစားထိုး ဆောက်လုပ်ရန်စသည်ဖြင့် ကြံ့ခိုင်မှုအဆင့် အတန်း သုံးမျိုးခွဲခြားသတ်မှတ်ခဲ့ပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကြိုးတံတား အဟောင်းကို ဖြုတ်ချ၍ အလယ်တွင် ရေလယ်တိုင်ထားရှိပြီး Design Loading (HS 25-44)ဖြင့် ခံနိုင်ဝန် တန် ၆၀ အထိရှိသော တံတားများ ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါ ကြောင်း။
ကြိုးတံတားအပိုင်းများကို ဖြုတ်သိမ်း၍ အဆင့်မြှင့်တင်ဆောက်လုပ်ရာတွင် ဂျပန်နည်းပညာသုံး ပြည်တွင်း သံပေါင်စက်ရုံများမှ ခန်းဖွင့်ကျယ်သံပေါင်များ ထုတ်လုပ်ပြီး တံတားခံနိုင်ဝန် တန် ၆၀ မှ ၇၅ တန်အထိ ရှိမည်ဖြစ်သဖြင့် နှစ်စဉ် ထိန်းသိမ်းပြုပြင်ခြင်း ဆောင်ရွက်ထားပါက တံတားသက်တမ်းသည် ၇၅ နှစ် ခံနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံခြားငွေသုံးစွဲရန်မလိုဘဲ ပြည်တွင်း သုံးငွေဖြင့် ဆောက်လုပ်နိုင်ခြင်းတို့ကြောင့် ကုန်ကျစရိတ်သက်သာမည်ဖြစ်ပါ ကြောင်း၊ ကြိုးတံတားများကို ပြုပြင်ရာတွင် အများစုအား ပင်မကြိုးတံတား အပိုင်းကိုသာ ဖြုတ်သိမ်းတည်ဆောက်ခြင်းဖြစ်ပြီး ကျန်ချဉ်းကပ်တံတားအပိုင်း များကို မူလအတိုင်းသာ ဆက်လက်အသုံးပြုခြင်းဖြင့် ကုန်ကျစရိတ် သက်သာ အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်း။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ခရီးသွားလာမှု ကုန်စည်စီးဆင်းမှုများ တိုးတက် များပြားလာပြီး ယာဉ်စီးရေများပြားလာမှု နှင့်အတူ တန်ချိန်များပြားသော ယာဉ်ကြီးများ လမ်းမကြီး ပေါ်တွင် နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိရာ ပြည်သူများ ဘေးကင်းလုံခြုံရေးတို့အတွက် တံတားကြီးများ၏ ကြိုးအပိုင်းများအားLoad Class မြင့်မားသော Steel Box Girder နှင့် Steel Truss တို့ဖြင့် အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ရှင်းလင်းဖြေကြား
ဆက်လက်၍ သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည်၏ သံတွဲခရိုင်အတွင်းရှိ ပြည်ထဲရေးအမည်ပေါက် ကျေးရွာတချို့တွင် အမည်(၂)မျိုး ခေါ်ဝေါ်သုံးစွဲနေခြင်း အား မည်သည်က အမှန်ဖြစ်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးတင်မြင့်က လည်းကောင်း၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ ကျောင်းကုန်းမြို့နယ်တွင် နိုင်ငံတကာ အဖွဲ့အစည်းဖြင့် ဆောင်ရွက်ရန်လျာထား သည့် ကျေးလက်လမ်း (၆)လမ်းအား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည် ကို သိလိုခြင်း မေးခွန်း၊ ဘုတလင်မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၏ တည်ဆောက် ရေးလုပ်ငန်းတစ်ခုတည်းတွင် မြို့နယ် QC နှင့် အခြားအရည်အသွေးစစ်ဆေး ရေးအဖွဲ့တို့သည် မည်ကဲ့သို့ တာဝန်ယူဆောင်ရွက်နေသည်နှင့် တည်ဆောက် ရေးလုပ်ငန်းတစ်ခု သတ်မှတ်ကာလမတိုင်မီ ပျက်စီးပါက တင်ဒါအောင် ကုမ္ပဏီနှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့များက မည်သို့တာဝန်ယူမည်ကို သိလိုခြင်း မေးခွန်းနှင့် ကန်ပက်လက်မဲဆန္ဒနယ်မှ ဦးညွန့်ဝင်း၏ ကန်ပက်လက် မြို့နယ် မုန်းချောင်းကူးဘေလီတံတား ပေ ၄၀၀ နှင့် မှေးချောင်းကူးဘေလီ တံတား ပေ ၂၀၀ တံတားနှစ်စင်းအား ပြည်ထောင်စုဘတ်ဂျက်ဖြင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။
ထို့နောက် ပြည်သှူလွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးမှ ပေးပို့လာသော ရေနံစူးစမ်းရှာဖွေခြင်း၊ တူးဖော်စမ်းသပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းနှင့် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ တင်သွင်းသည့် ရေနံစူးစမ်းရှာဖွေခြင်း၊ ရေနံ တူးဖော်စမ်း သပ်ခြင်းနှင့် ထုတ်လုပ်ခြင်းဆိုင်ရာ ဥပဒေကြမ်းတို့ တူညီနေပါသဖြင့် တစ်ပေါင်းတည်း စိစစ်သွားနိုင်ရန် ပြည်သှူလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ လွှဲပြောင်းပေးပို့သွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြသည်။
အဆုံးအဖြတ်ရယူ အတည်ပြု
ယင်းနောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဦးဇော်မင်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် ၁၈ ချက်၊ ဥပဒေကြမ်းကော်မတီ က ပြင်ဆင်ချက် ၃၀ ချက် တင်သွင်းပြီး ပြည်သှူလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော် ၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။
ဆက်လက်၍ အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆို တင်သွင်းထားသည့် ပြင်ဆင်ချက် ၆ ချက်အား ဥပဒေကြမ်းကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဆွေးနွေးပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် လွှတ်တော်တို့၏ သဘောထားရယူအတည်ပြုသည်။
ထို့နောက် ပြည်သှူလွှတ်တော်ဥက္ကဋ္ဌက လယ်ယာမြေဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို စက်တင်ဘာ ၁၀ ရက်တွင် ဆက်လက်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အေးအေးသန့်၊ ကျော်ဇင်ထိုက် (သတင်းစဉ်)

No comments:

Post a Comment