Friday, September 6, 2019

ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်းနှင့်ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့ ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အ¸ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ
Image may contain: 2 people, people smiling
ရန်ကုန် စက်တင်ဘာ ၅
မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော ကိုရီးယားသမ္မတ နိုင်ငံသမ္မတမစ္စတာ မွန်ဂျေအင်း နှင့်ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့ ဦးဆောင် သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီ မိနစ် ၂၀ တွင် ရန်ကုန်မြို့မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည်။
ပို့ဆောင်နှုတ်ဆက်
ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့ ဦးဆောင်သောချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ပြန်ကြား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်ဇနီး ဒေါ်ခိုင်နွယ်ဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး ဒေါ်ခင်မိမိကြွယ်၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ် ကြီး ဦးသန့်စင်နှင့်ဇနီး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး Mr. Lee Sang-Hwa နှင့် ဇနီးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
အမှတ်တရလက်ဆောင် ပေးအပ်
ထိုသို့ ပို့ဆောင်နှုတ်ဆက်စဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကိုရီးယားသမ္မတနိုင်ငံ သမ္မတနှင့် ဇနီးတို့အား မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရိုက်ကူးထားသော မှတ်တမ်းဗီဒီယိုနှင့် မှတ်တမ်းဓာတ်ပုံများကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။
သတင်းစဉ်

No comments:

Post a Comment