Friday, September 6, 2019

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
Image may contain: 3 people, people smiling, people standing and suit
နေပြည်တော် စက်တင်ဘာ ၅
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကိုသည် ငြိမ်းချမ်းမေတ္တာ အဖွဲ့ (RfP-Myanmar)မှ ဥက္ကဋ္ဌ ဦးမြင့်ဆွေ ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား စက်တင်ဘာ ၃ ရက် နံနက် ၁၀ နာရီက နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
တွေ့ဆုံစဉ် နိုဝင်ဘာလတွင် နေပြည်တော်၌ ကျင်းပမည့် မြန်မာ နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ငြိမ်း ချမ်းမေတ္တာအဖွဲ့၏ တတိယအကြိမ် အကြံပြုဆွေးနွေးပွဲနှင့် မ္တလေးမြို့၌ ကျင်းပမည့် World Tolerance Day အခမ်းအနားတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ငြိမ်းချမ်း မေတ္တာအဖွဲ့မှ Bishop Gunnar Stalsett၊ ရန်ကုန် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို၊ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ လက်ထောက်အထွေထွေအတွင်းရေး မှူး Reverend Kyoichi Sugino ၊ အကြံပေး Leon de Ried Matten ငြိမ်းချမ်းမေတ္တာအဖွဲ့မှ အထွေထွေ အတွင်းရေးမှူး ဖာသာရ် ဂျိုးဇက်မောင်ဝင်းနှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment