Friday, September 6, 2019

တရုတ်နှင့် အမေရိကန်တို့၏ ကုန်သွယ်ရေးဆွေးနွေးပွဲ အောက်တိုဘာလတွင် ပြန်လည်စတင်မည်ဟုဆို
Image may contain: 3 people
ပေကျင်း စက်တင်ဘာ ၅
တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံတို့၏ ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို အောက်တိုဘာလအစောပိုင်းတွင် ဝါရှင် တန်မြို့၌ ပြန်လည်စတင်ပြုလုပ်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံက စက်တင်ဘာ ၅ ရက်တွင် ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
က္ဘာ့အကြီးဆုံး စီးပွားရေးအင်အားကြီး နှစ်နိုင်ငံ ဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြားတွင် သွင်းကုန်များအပေါ် အခွန်စည်းကြပ်မှုကဏ္ဍတွင် နှစ်နှင့် ချီကာ တင်းမာမှုများဖြစ်ပေါ်ခဲ့ရသည်။ ယခုနှစ်စက်တင် ဘာ ၁ ရက်တွင် တင်းမာမှုမြင့်တက်ခဲ့ပြီး နှစ်ဖက်စလုံးက အပြန်အလှန်တင်ပို့ကြသည့် ဒေါ်လာဘီလီယံရာပေါင်း များစွာရှိသည့် ကုန်ပစ္စည်းများအပေါ်တွင် အခွန် ကောက်ခံစည်းကြပ်မှုအသစ်များ အပြန်အလှန် ချမှတ် ခဲ့ကြသည်။
တရုတ်နှင့် အမေရိကန်နှစ်နိုင်ငံအကြား ဆွေးနွေး မှုများက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှု ကို ယခုလအတွင်း ပြန်လည်စတင်ပြုလုပ်နိုင်ရန် အထောက်အကူဖြစ်စေခဲ့သည်။
သို့သော်လည်း တရုတ်နိုင်ငံ ဘက်မှ နှစ်နိုင်ငံကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများ၌ ခေါင်းဆောင်အဖြစ် ဆောင်ရွက်မည့် ဒုတိယဝန်ကြီးချုပ် လျူဖေးသည် စက်တင်ဘာ ၅ ရက်တွင် အမေရိကန် ကုန်သွယ်ရေးဆွေးနွေးမည့် အဖွဲ့ကိုယ်စားလှယ် ရောဘတ်လိုက်သီဇာနှင့် ဘဏ္ဍာရေးဝန်ကြီး စတီဖင် မနူချင်တို့နှင့် တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ အောက်တို ဘာလအတွင်းဆွေးနွေးမှုများ ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြကြောင်း တရုတ်ကုန်သွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။
တရုတ်နှင့် အမေရိကန်တာဝန်ရှိသူများက အတူတကွ ပူးပေါင်းလုပ်ဆောင်ရေးနှင့် သင့်လျော်သော အခြေအနေ များညှိနှိုင်းတိုင်ပင်မှုများ ဖြစ်ပေါ်ရေးအတွက် လက်တွေ့ ကျသော လုပ်ဆောင်မှုများ ပြုလုပ်ကြရန် သဘောတူညီ ကြကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီး ဌာနမှ ထုတ်ပြန် သည့် ကြေညာချက်တွင် ဖော်ပြသည်။
ကျင်းပမည့် ကုန်သွယ်ရေးဆိုင်ရာ ဆွေးနွေးမှုများကို ဦးတည်ရန် နီးကပ်သော ဆက်သွယ်မှုများကို နှစ်ဖက် စလုံးက ထိန်းသိမ်းသွားမည်ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ ကုန်သွယ်ရေးဆိုင်ရာ အဆင့်မြင့်တာဝန်ရှိသူများသည် ဇူလိုင်လအတွင်းက တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။ ယင်းတွေ့ဆုံဆွေးနွေးမှုမှာ အပြုသဘော ဆောင်သည်ဟု ဖော်ပြခဲ့သော်လည်း တွေ့ဆုံဆွေးနွေးမှု အပြီးတွင် မည်သည့်ကြေညာချက်မျှ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-ဇော်ဝင်း

No comments:

Post a Comment