Friday, September 6, 2019

ဂျပန်နှင့် ရုရှား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရန် ဆွေးနွေး
Image may contain: 2 people, people standing and suit
မော်စကို စက်တင်ဘာ ၅
ဂျပန်နှင့် အမေရိကန်တို့၏ လုံခြုံရေးဆိုင်ရာ မဟာမိတ်ပြုမှု သည် ရုရှားနှင့် ဂျပန်အကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို ရာလမ်းကြောင်းတွင် ပြဿနာတစ်ခုအဖြစ်တည်ရှိနေ သော်လည်း ၎င်းအနေဖြင့် စေ့စပ်ညှိနှိုင်းရန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောကြားခဲ့သည်။
ဗလာဒီဗိုစတော့ခ်တွင်ကျင်းပသော စီးပွားရေးဖိုရမ် သို့ တက်ရောက်ရန် ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် သမ္မတ ပူတင်တို့က သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံအငြင်းပွားကျွန်းများအရေးသည် နှစ်နိုင်ငံ အကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုရန် အဟန့်အတား တစ်ခုဖြစ်ကြောင်း ဝန်ကြီးချုပ် အာဘေးက ဆိုသည်။
နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးဆွေးနွေးရာတွင် "ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ အားသွန်ခွန်စိုက် လုပ်ဆောင်ပြီး သမိုင်းရဲ့တာဝန်ကို ကျေပွန်အောင် ထမ်း ဆောင်ကြမည်"ဟု ဝန်ကြီးချုပ် အာဘေးက ပြောကြားခဲ့ သည်။
ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုရေး ဆွေးနွေးရာတွင် မိမိတို့အနေဖြင့် အမေရိကန်အပါအဝင် တတိယနိုင်ငံ များ၏ ရပ်တည်ချက်ကို နားလည်ရန်လိုအပ်ပြီး ၎င်းနိုင်ငံ များအပေါ်တွင် ဂျပန်နိုင်ငံက ထားရှိသော ကတိကဝတ် များကိုလည်း နားလည်ပါသည်ဟု သမ္မတ ပူတင်က ဆိုသည်။
က္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကိုရင်ဆိုင်ရာတွင် ရုရှားနိုင်ငံသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင် လျက်ရှိ ကြောင်း ဝန်ကြီးချုပ် အာဘေးက ဆိုခဲ့သည်။ ထို့ပြင် ခေါင်းဆောင်နှစ်ဦးက ကိုရီးယားကျွန်းဆွယ် ဒေသအတွင်း ပြုံယမ်း၏ နျူကလီးယားလက်နက်ကင်းစင် ရေး ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူခဲ့သည်။
ကိုးကား- အင်န်အိတ်ခ်ျကေ
ဘာသာပြန်-စိုးသူရ

No comments:

Post a Comment