Friday, September 6, 2019

ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် အမေရိကန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 3 people, people sitting and indoor
နေပြည်တော် စက်တင်ဘာ ၅
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီး မစ္စတာ စကော့မာစီရယ်အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင် စုဝန်ကြီး ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် အနာဂတ်ကုန်စည်သယ်ယူပို့ဆောင်ရေးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ဆိပ်ကမ်း လုပ်ငန်းများဖွံ့ဖြိုးစေရန် လေ့လာဆန်းစစ်မှုလုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှုများ၊ ရထားပို့ဆောင်ရေးကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ဆိုက်ဘာဥ ပဒေမူကြမ်း ရေးဆွဲခြင်းကိစ္စရပ်များ၊ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ဖွဲ့ စည်းရေးဆိုင်ရာကိစ္စရပ်များနှင့် 5G လှိုင်းနှုန်းစဉ် သတ်မှတ်ချထားခြင်းလုပ်ငန်းတို့အပေါ် ဆွေးနွေးကြသည်။
သတင်းစဉ်

No comments:

Post a Comment