Friday, September 6, 2019

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် (၃၇)ကြိမ်မြောက် အာဆီယံစွမ်းအင် ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတက်ရောက်
Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် စက်တင်ဘာ ၅
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးဝင်းခိုင်သည် ယမန်နေ့ နံနက်ပိုင်းတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စွမ်းအင်ဝန်ကြီးများနှင့်အတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Athenee ဟိုတယ်၌ တွေ့ဆုံသည်။
တက်ရောက်
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် (၃၇)ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၊ ၂၀၁၉ ခုနှစ် ASEAN Energy Business Forum ဖွင့်ပွဲအခမ်းအနား၊ အာဆီယံစွမ်းအင် ဝန်ကြီးများနှင့် International Energy Agency (IEA) ဆွေးနွေးပွဲအစည်းအဝေး၊ International Renewable Energy Agency (IRENA) ဆွေးနွေးပွဲနှင့် အခြားဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သည်။
ညနေပိုင်းတွင် ၃၇ ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများအစည်း အဝေးအထိမ်းအမှတ် ညစာစားပွဲနှင့် အာဆီယံစွမ်း အင်ဆိုင်ရာဆုတံဆိပ်များ ချီးမြှင့်ပွဲသို့ တက်ရောက်ပြီး ဆုများပေးအပ်ခဲ့သည်။
ထို့အပြင် ပြည်ထောင်စုဝန်ကြီးသည် စင်ကာပူနိုင်ငံမှ Ministry for Trade and Industry မှ Senior Minister of State Chee Hong Tat နှင့် လာအိုနိုင်ငံမှ Minister of Energy and Mines Dr. KhammaryInthirath တို့နှင့် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဆိုင်ရာများကို ဆွေးနွေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ယနေ့တွင် (၁၃) ကြိမ်မြောက်အာဆီယံနှင့် အရှေ့အာရှနိုင်ငံများမှ စွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်းအဝေးနှင့် ၁၆ ကြိမ်မြောက် အာဆီယံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံများမှ စွမ်းအင် ဆိုင်ရာဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်သည်။
သီးခြားစီတွေ့ဆုံ
အဆိုပါအစည်းအဝေးများ တက်ရောက်စဉ်အတွင်း ပြည်ထောင်စုဝန်ကြီးသည် ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Mr. Sontirat Sontijirawong၊ အာဆီယံ-အမေရိကန် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကော်မရှင်၏ အကြီးတန်းအမှုဆောင်အရာရှိ Mr. Michael Walter Michalak ၊ Economic Research Institute for ASEAN and East Asia (ERIA) မှ Professor Hidetoshi Nishimura တို့နှင့်တွေ့ဆုံ၍ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် capacity development ဆိုင်ရာများကို သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment