Sunday, September 22, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ




Image may contain: 6 people, people sitting, table and indoor
ရန်ကုန် စက်တင်ဘာ ၂၁ 




ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ဦးဆောင်သော ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများ နှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုကို ယနေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းစာ ထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံ သတင်းစာထုတ်ဝေသူများနှင့် ပတ်လည်ပုံနှိပ်စက်လုပ်ငန်း ရှင်များအသင်းကို သတင်းစာထုတ်ဝေသူများ၊ ပတ်လည်ပုံနှိပ်စက်လုပ်ငန်းရှင်များ နှင့် ဆက်စပ်လုပ်ငန်းရှင်များစုပေါင်း၍ ဖွဲ့စည်းထားရှိမှု၊ အသင်းအနေဖြင့် လူမှုရေးကို အခြေခံပြီး ပူးပေါင်းဆောင်ရွက်မှုမှသည် စီးပွားရေးအဖွဲ့အစည်းတစ်ခုအဖြစ် ရေရှည် တည်တံ့အောင်မြင်စေရန်နှင့် လုပ်ငန်းတွင် ကြုံတွေ့ရမည့်အခက်အခဲများကို စုပေါင်း ဖြေရှင်းမှုဖြင့် ကာကွယ်နိုင်ရန် စသည့်ရည်ရွယ်ချက်များထားရှိမှု၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးစေလိုမှုနှင့် ပုံနှိပ်လောကအပါအဝင် မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ သတင်းစဉ်

No comments:

Post a Comment