Saturday, September 7, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ


Image may contain: 2 people
နေပြည်တော် စက်တင်ဘာ ၆
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာ တော့မည့် မြန်မာနိုင်ငံဆိုင်ရာ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ သံအမတ် ကြီး Mr. Pehin Orang Kaya Seri Pahlawan Colonel (Rtd.) Dato Paduka Haji Abdur Rahmani bin Dato Paduka Haji Basir အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ ဆောင်၌ လက်ခံတွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ကြသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

သတင်းစဉ်

No comments:

Post a Comment