Monday, September 23, 2019

ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပင်မဓာတ်အားခွဲရုံစီမံကိန်းနှင့် ပင်မဓာတ်အားခွဲရုံများ ကြည့်ရှုစစ်ဆေး




Image may contain: 2 people, people standing, sky, cloud and outdoor
နေပြည်တော် စက်တင်ဘာ ၂၂ 




 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး အတွင်း လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် အမရပူရမြို့နယ်ရှိ ၂၃၀ ကေဗွီဒေါင်းရွေးပင်မဓာတ်အားခွဲရုံ စီမံကိန်းမြေနေရာ၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ၁၃၂ ကေဗွီတံခွန်တိုင်ပင်မဓာတ်အားခွဲ ရုံနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ၂၃၀ ကေဗွီအောင်ပင်လယ်ပင်မ ဓာတ်အားခွဲရုံများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးသည် တံခွန်တိုင် ပင်မဓာတ်အားခွဲရုံအတွင်း ၁၃၂/၃၃/၁၁ ကေဗွီ ၁၀၀အမ်ဗွီအေထရန်စဖော်မာ အစားထိုး တပ်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ပုသိမ်ကြီးမြို့နယ်ရှိ အောင်ပင်လယ်ပင်မဓာတ်အားခွဲရုံတွင် ၂၃၀/၃၃/၁၁ ကေဗွီ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ တိုးချဲ့တည်ဆောက် တပ်ဆင် ခြင်းလုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အသစ်တည်ဆောက်မည့် ၂၃၀ ကေဗွီ ဒေါင်းရွေးပင်မ ဓာတ်အားခွဲရုံသည် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဒေါင်းရွေးကျေးရွာရှိ ထုံးဘို-မြစ်ငယ် ကားလမ်းအနီးတွင် တည် ဆောက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်းများပြီးစီးပါက ၂၃၀ ကေဗွီရွှေစာရံပင်မဓာတ်အားခွဲရုံမှတစ်ဆင့် မန္တလေးမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားတိုးတက်ဖြန့်ဖြူးပေး နိုင်မည့်အပြင် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်ပို့လွှတ် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်

No comments:

Post a Comment