Monday, September 23, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ကနဦးထောက်ပံ့ငွေများ ပေးအပ်




Image may contain: one or more people, people standing and indoor
နေပြည်တော် စက်တင်ဘာ ၂၂




လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးမြို့ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် ကနဦးထောက်ပံ့ငွေများ ပေးအပ်သည်။
အလုပ်အကိုင်များ ဖော်ဆောင်ရန် ရင်းနှီးမြှုပ်နှံပေးမည်
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ မသန်စွမ်းသူများ ဖွံ့ဖြိုး တိုးတက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၁၆ - ၂၀၂၅) ကို ပြဋ္ဌာန်းပြီး မသန် စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဖွဲ့စည်း၍ လုပ်ငန်းစီမံချက် များ ချမှတ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့် ခွဲခြားသတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မသန်စွမ်းသူများအား ငွေကြေးထောက်ပံ့မှုသည် အဆိုပါ လုပ်ငန်းများ အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ကနဦးထောက်ပံ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်က မသန်စွမ်းသူများအတွက် မသန်စွမ်းရန်ပုံငွေထူထောင်၍ မသန်စွမ်းသူ များအား စွမ်းနိုင်သမျှ စွမ်းအောင် ပံ့ပိုးကူညီပြီး အလုပ်အကိုင်များ ဖော်ဆောင်ရန် ရင်းနှီးမြှုပ်နှံပေးမည် ဖြစ်ကြောင်း၊ ရေရှည်တည်မြဲအောင် အဆင့်ဆင့်ဖွဲ့စည်းထားသော မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကော်မတီများနှင့် မသန်စွမ်းသူများအသင်း အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက မသန်စွမ်းသူများကို ထောက်ပံ့ငွေ ပေးအပ်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။
ထောက်ပံ့ငွေကျပ်ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မသန်စွမ်းသူ ၁၅၄၉၁ ဦးအတွက် တစ်ဦး လျှင် ထောက်ပံ့ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၄၆၄၇၃၀၀၀၀ ကို ထောက်ပံ့ ပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်လေးပင်မြို့နယ် ဂျောင်းတာ ဒိုင်နယ်အုပ်စု ဂျောင်းတာ - ဆာဆေးတာလမ်း တံတားပြုပြင်တည်ဆောက်ရန်အတွက် ငွေကျပ် ၉၈ သိန်းကို တာဝန်ရှိသူများထံ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အခမ်းအနားသို့ ကိုယ်တိုင် တက်ရောက်လာကြသော မသန်စွမ်းသူများအား ထောက်ပံ့ငွေများကို လက်ဝယ် အရောက်ပေးအပ်ခဲ့ကြပြီး မသန်စွမ်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
မသန်စွမ်းသူ ၁၁၅၆၈ ဦးအတွက် ကနဦးထောက်ပံ့
မသန်စွမ်းသူများအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ် အတွင်း ပဲခူးတိုင်းဒေသကြီးတွင် မသန်စွမ်းသူ ၁၁၅၆၈ ဦးအတွက် ကနဦးထောက်ပံ့မှုများ ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:

Post a Comment