
နေပြည်တော် စက်တင်ဘာ ၇
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သစ်တော စိုက်ခင်းတည်ထောင်ခြင်း၊ သစ်တော ပြုစုထိန်းသိမ်းခြင်းနှင့် တောရိုင်း တိရစ္ဆာန်များအတွက် နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်း အနားကို ယနေ့ နံနက် ၈ နာရီက နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု အခြေအနေသည် ကမ္ဘာ့စားနပ် ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ထုတ်ပြန်ခဲ့သည့် သစ်တောဖုံးလွှမ်းမှု ဆန်းစစ်လေ့လာခြင်း (FRA 2015) အရ နိုင်ငံဧရိယာအကျယ်အဝန်း၏ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည့် အတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံချက် (၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇)အထိ ၁၀ နှစ်တာစီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
စီးပွားရေးစိုက်ခင်းများတည်ထောင် ရခြင်းသည် စီးပွားရေးတွက်ခြေ ကိုက်ရန်ဖြစ်၍ အချိန်ကာလအလိုက် ကြီးထွားရှင်သန်လာရန် လိုအပ်သကဲ့ သို့ သစ်တောများ ရေရှည်တည်တံ့ စေရေးအတွက် နည်းပညာအကိုး အကားများဖြင့် ကာကွယ်ထိန်းသိမ်း ရမည်ဖြစ်ပြီး ကျွန်း၏ မူရင်းဒေသဖြစ် သော ပဲခူးရိုးမကိုလည်း သဘာ၀ သစ်တောများ ပြန်လည်ကောင်းမွန် လာစေရန် ရည်ရွယ်၍ သစ်ထုတ် လုပ်ခြင်းကို ၁၀ နှစ်တာ ရပ်နားထားခဲ့ သည်။
တောရိုင်းတိရစ္ဆာန်များ ကာကွယ် ထိန်းသိမ်းခြင်းသည်လည်း အရေးကြီး သည့်အတွက် တောရိုင်းတိရ္ဆာန်များ အတွက် နေရင်းဒေသများ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်းအစီအစဉ်(Re-establishing Natural Habitats Programme- RNHP) ကိုလည်း ၂၀၁၉-၂၀၂၀ မှစ၍ သဘာ၀ ထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ် ရာတွင် ပိုမိုထိရောက်လာစေရန်၊ နိုင်ငံ၏ သဘာ၀အမွေအနှစ်များ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ် များနှင့် ဇီ၀မျိုးစုံမျိုးကွဲများ ထိန်းသိမ်းခြင်းမှ ရရှိသည့်အကျိုးများ ကို ဒေသခံပြည်သူများဖွံ့ဖြိုးတိုးတက် ရေးအတွက် ခံစားရခြင်းဖြင့် ထိန်းသိမ်း ရေးလုပ်ငန်းများအပေါ် ပူးပေါင်းပါဝင်မှု မြင့်မားလာစေရန်၊ နိုင်ငံ၏သဘာ၀ ထိန်းသိမ်းရေးနယ်မြေ တည်ထောင်ရေး ဆိုင်ရာ ရည်မှန်းချက်ပြည့်မီစေရန်နှင့် နိုင်ငံတကာ သဘောတူညီချက်များ၊ အစီအစဉ်များနှင့် ကွန်ဗန်းရှင်းများ၌ ထားရှိရသည့် ကတိကဝတ်များ ဖြည့်ဆည်းခြင်းကို အထောက်အကူပြု စေရန် ရည်ရွယ်ချက်များဖြင့် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ယနေ့အစည်းအဝေးကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ သစ်တောပြုစု ထိန်းသိမ်းခြင်းနှင့် တောရိုင်းတိရစ္ဆာန် များအတွက် နေရင်းဒေသ ပြန်လည် တည်ထောင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုကောင်းမွန် သော ရလဒ်များရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ သစ်တောဦးစီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ညွှန်ကြားရေးမှူးချုပ်ရုံးရှိ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြပြီး အစည်းအဝေးကို စက်တင်ဘာ ၉ ရက် အထိ သုံးရက်တာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment