Friday, September 20, 2019

ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လျိုကျိုးမြို့ ရှိ တုန်ဖုန်းမော်တော်ယာဉ် ထုတ်လုပ်ရေးစက်ရုံနှင့် ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာ

Image may contain: 8 people, people standing and basketball court


နန်နင်း စက်တင်ဘာ ၁၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့တွင် လျိုကျိုး (Liu Zhou)မြို့သို့ သွားရောက်ပြီး တုန်ဖုန်းမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံနှင့် ဝူလင်မော်တော် ယာဉ် ထုတ်လုပ်ရေးစက်ရုံတို့သို့ သွားရောက်လေ့လာကြသည်။
ဒုတိယသမ္မတ ဦးမြင့်ဆွေသည် အဖွဲ့ဝင်များနှင့်အတူ ဒေသစံတော်ချိန်နံနက် ၉ နာရီ ၃၅ မိနစ်တွင် မြန်နှုန်းမြင့် ရထားဖြင့် နန်နင်းမြို့မှ လျိုကျိုးမြို့သို့ ရောက်ရှိရာဒုတိယမြို့တော် ဝန်Mr. Jiao Yaoguang နှင့် တာဝန်ရှိသူများက လျိုကျိုး ဘူတာ၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်အဖွဲ့ဝင် များသည် မော်တော် ယာဉ်များဖြင့် တုန်ဖုန်းလျိုကျိုးမော်တော်ကား (Dongfeng Liuzhou Motor) ကုမ္ပဏီ လီမိတက်၏ တုန်ဖုန်းမော်တော် ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ တုန်ဖုန်းကုမ္ပဏီ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးMr. Xuan Yin နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့်အဖွဲ့သည် တုန်ဖုန်း မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ၌ ခေတ်မီနည်းပညာနှင့် စက်ပစ္စည်းများအသုံးပြု၍ လုပ်ငန်းသုံးမော်တော်ယာဉ် အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်နေမှုများ နှင့် တုန်ဖုန်းမော်တော်ယာဉ်
ထုတ်လုပ်ရေးစက်ရုံမှ ထုတ်လုပ်ထား သည့်လုပ်ငန်းသုံး မော်တော်ယာဉ် အမျိုးမျိုးကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက မော်တော်ယာဉ် ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန်စံညွှန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုး နှင့် ဈေးကွက်အခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။
ကြိုဆိုနှုတ်ဆက်
ဆက်လက်၍ ဒုတိယသမ္မတနှင့် အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ်ငယ် ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ တုန်ဖုန်းကုမ္ပဏီ ဒုတိယအထွေထွေ မန်နေဂျာ Mr.Yao Liwenနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြ သည်။
လှည့်လည်ကြည့်ရှု
ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် တုန်ဖုန်းမော်တော်ယာဉ်ငယ် ထုတ်လုပ်ရေးစက်ရုံ၌ ခေတ်မီနည်းပညာ နှင့် စက်ပစ္စည်းများအသုံးပြု၍ မော်တော် ယာဉ်ငယ်အမျိုးမျိုး ထုတ်လုပ်မှုလုပ်ငန်း အဆင့်ဆင့် ဆောင်ရွက်နေမှုနှင့် ထုတ်လုပ်ထားသည့် မော်တော်ယာဉ် အမျိုးမျိုးကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြသည်။
ယင်းနောက် ဒုတိယ သမ္မတ ဦးမြင့်ဆွေနှင့်အဖွဲ့သည် လျိုကျိုး မြို့တော်ဝန် Mr.Wu Wei က လျန်ဟွာ ဟိုတယ်၌ တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။
မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် လျိုကျိုးမြို့ရှိ SAIC GM Wu Ling Automobile ကုမ္ပဏီလီမိတက်၏ ဝူလင်မော်တော် ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ ရောက်ရှိရာ ဝူလင်ကုမ္ပဏီ ကွန်မြူနစ်ပါတီအတွင်း ရေးမှူးနှင့် ဒုတိယအထွေထွေမန်နေဂျာMr. Yao Zuoping နှင့် တာဝန်ရှိသူ များက ကြိုဆိုနှုတ်ဆက်ကြသည်။
ဈေးကွက်အခြေအနေများရှင်းလင်းပြသ
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ သည် ဝူလင်မော်တော်ယာဉ်ထုတ်လုပ်ရေး စက်ရုံ၌ ခေတ်မီနှစ်ယောက်စီး လျှပ်စစ် မော်တော်ယာဉ်ငယ်များ ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု ပြီး သိလိုသည်များကိုမေးမြန်းရာ ဝူလင် ကုမ္ပဏီ ကွန်မြူနစ်ပါတီ အတွင်းရေးမှူး နှင့် ဒုတိယအထွေထွေမန်နေဂျာ Mr. Yao Zuoping နှင့် တာဝန်ရှိသူများက နှစ်ယောက်စီး လျှပ်စစ်မော်တော်ယာဉ် ငယ်များ ထုတ်လုပ်မှုအဆင့်ဆင့်၊ စံချိန် စံòန်း၊ အရည်အသွေး၊ ကြံ့ခိုင်မှု၊ လုံခြုံမှု၊ တန်ဖိုးနှင့် ဈေးကွက်အခြေအနေများကို လိုက်လံရှင်းလင်းပြသကြသည်။
ညနေပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မြန်နှုန်းမြင့်ရထား ဖြင့် လျိုကျိုးမြို့မှ နန်နင်းမြို့သို့ ပြန်လည် ရောက်ရှိပြီး ထိုမှတစ်ဆင့် မော်တော်ယာဉ် များဖြင့် ဆက်လက်ထွက်ခွာရာ လိယွမ် အစိုးရဧည့်ဂေဟာသို့ ရောက်ရှိကြသည်။
ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေ သည် ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်နယ်အုပ်ချုပ်ရေးမှူး H.E. Mr. Chen Wuနှင့် တာဝန်ရှိသူများ အား ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲ တွင် လိယွမ်အစိုးရဧည့်ဂေဟာ၌ လက်ခံ တွေ့ဆုံသည်။
ဆွေးနွေး
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တို့အကြား စီးပွားရေး၊ လူမှုရေး၊ ပညာ ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက်ပျိုးရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် ဆောင်ရွက်သွားရေး ကိစ္စရပ်များကို ဆွေးနွေးကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်၊ တရုတ်နိုင်ငံ ဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးသန့် ဖေ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးသက်နောင်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment