Wednesday, September 4, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း၏ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့ ရင်းရင်းနှီးနှီးတွေ့ဆုံ

Image may contain: 2 people, indoor

နေပြည်တော် စက်တင်ဘာ ၃
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဇနီး ဒေါ်ချိုချိုနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ မစ္စတာ မွန်ဂျေအင်း၏ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့သည် ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ ရင်းရင်းနှီးနှီး တွေ့ဆုံကြ သည်။
တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ၏ ဇနီးနှင့် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ ဇနီးတို့သည် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ကြပြီး နိုင်ငံတော်သမ္မတ၏ဇနီးက လက်ဖက်ရည်ဖြင့် တည်ခင်းဧည့်ခံသည်။
တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတ၏ဇနီး ဒေါ်ချိုချိုနှင့် ကိုရီးယား သမ္မတနိုင်ငံ သမ္မတ၏ဇနီး မစ္စစ် ကင်မ်ဂျောင်းဆုတို့သည် တက်ရောက်လာကြ သူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး နိုင်ငံတော်သမ္မတ၏ဇနီးက ကိုရီးယားသမ္မတနိုင်ငံ သမ္မတ၏ဇနီးအား အမှတ်တရလက်ဆောင် ပေးအပ် သည်။
တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်ခိုင်နွယ်ဦး၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီး ဒေါ်လွင်လွင်မှန်၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး၏ဇနီး ဒေါက်တာ နန်းမြတ်စိုး၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၏ဇနီးနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။
သတင်းစဉ်

No comments:

Post a Comment