Thursday, August 1, 2019

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဆားဗီးယားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people sitting, table and indoor
နေပြည်တော် ဇူလိုင် ၃၁
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယား သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Miodrag Nikolin အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
တွေ့ဆုံစဉ် ဆားဗီးယား-မြန်မာ နှစ်နိုင်ငံလွှတ်တော်အချင်းချင်း၊ ပြည်သူ အချင်းချင်းချစ်ကြည်ရင်းနှီးမှု မြှင့်တင်ရေးဆိုင်ရာကိစ္စ၊ ဆားဗီးယားသမ္မတနိုင်ငံ ဘဲလ်ဂရိတ်မြို့၌ ကျင်းပမည့် (၁၄၁)ကြိမ်မြောက် Inter-Parliamentary - Union (IPU) အစည်းအဝေးတက်ရောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:

Post a Comment