Friday, August 23, 2019

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Dan Chugg နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

Image may contain: 7 people, people sitting, table and indoor


နေပြည်တော် ဩဂုတ် ၂၂


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ကြီး Mr. Dan Chugg ဦးဆောင်သော အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။


အမြင်ချင်းဖလှယ်

တွေ့ဆုံစဉ် နှစ်နိုင်ငံမီဒီယာဆိုင်ရာကိစ္စရပ်များ၊ လူ့အဖွဲ့ အစည်းအပေါ် မီဒီယာ သစ်တို့၏ သက်ရောက်ပုံများနှင့် မီဒီယာစီမံခန့်ခွဲမှုဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။


တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။

သတင်းစဉ်

No comments:

Post a Comment