Saturday, August 24, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန် သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

Image may contain: 2 people, indoor


နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ အမြင်ချင်းဖလှယ်ဆွေးနွေး


နေပြည်တော် ဩဂုတ် ၂၃


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန် သံအမတ်ကြီး Mr. Qaley Allahverdiyev နှင့် အဖွဲ့အား ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။


တွေ့ဆုံစဉ် မြန်မာ - အဇာဘိုင်ဂျန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ၊ ယခုနှစ် အောက်တိုဘာ ၂၅ ရက်မှ ၂၆ ရက်အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့၌ကျင်းပမည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ (၁၈)ကြိမ်မြောက် ထိပ်သီးအစည်း အဝေးသို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရေးနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အဆိုပါ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန် ဖိတ်ကြားစာများကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား သံအမတ်ကြီးက ပေးအပ်သည်။


တွေ့ဆုံပွဲသို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

No comments:

Post a Comment