Thursday, August 1, 2019

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people smiling, people standing and suit
နေပြည်တော် ဇူလိုင် ၃၁
ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာတာရိုခိုနိုသည် ယနေ့တွင် မြန်မာနိုင်ငံသို့ တစ်ရက်တာခရီး လာရောက် သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင် ဆန်းစုကြည်သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနိုအား နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ဝိုင်းဝန်းကူညီ
တွေ့ဆုံစဉ် နှစ်နိုင်ငံအကျိုးတူဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဆက်လက်ကူညီသွားရေး၊ မြန်မာနိုင်ငံအစိုးရ၏ ရခိုင်အရေးကိစ္စတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ဝိုင်းဝန်းကူညီသွားရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ် ရေးလုပ်ငန်းစဉ်ကို မြန်ဆန် စေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ၏ အထူးကိုယ်စားလှယ်နှင့် နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ရိုဟေးဆာဆာကာဝါ နှင့်အတူ ပူးပေါင်းကူညီသွားရေး၊ ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံ ကို အကူအညီပေးရန် သဘောတူထား သည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။
ပူးတွဲသတင်းစာရှင်းလင်းပွဲ ကျင်းပ
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတို့သည် နှစ်နိုင်ငံ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပ သည်။
ဆက်လက်၍ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ဂျပန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တာရိုခိုနို ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား Hilton ဟိုတယ်တွင် နေ့လယ်စာ ဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
သတင်းစဉ်

No comments:

Post a Comment