Tuesday, August 6, 2019

နိုင်ငံတကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ(IACA)ကို နိုင်ငံတကာအဖွဲ့အစည်းထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ ပြည်ထောင်စုလွှတ်တော်က အတည်ပြု

Image may contain: 1 person
နေပြည်တော် ဩဂုတ် ၅
နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကယ်ဒမီ (Inter- national Anti–Corruption Academy-IACA)ကို နိုင်ငံတကာ အဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ် ရေးထိုး နိုင်ရေးကိစ္စကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အဋ္ဌမနေ့ အစည်းအဝေးတွင် အတည် ပြုခဲ့သည်။
ဆွေးနွေး
ယနေ့အစည်းအဝေးတွင် နိုင်ငံတော် သမ္မတထံမှပေးပို့ထားသော နိုင်ငံ တကာ အဂတိလိုက်စားမှုတိုက်ဖျက် ရေးအကယ်ဒမီ (International Anti – Corruption Academy- IACA)ကို နိုင်ငံတကာအဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံမှအဖွဲ့ဝင် အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးကြသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်က မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးအကယ်ဒမီ (IACA)ကို နိုင်ငံတကာအဖွဲ့အစည်းထူထောင်ခြင်းဆိုင်ရာ သဘောတူ စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုအနေဖြင့် ယခုအစိုးရ လက်ထက် ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း အထိ သဘောတူစာချုပ်ပေါင်း (၁၀၀)ကျော် ပါဝင်လက်မှတ်ရေးထိုးပြီးဖြစ် ပါကြောင်း၊ ယခု သဘောတူစာချုပ် သည် ကုလသမဂ္ဂအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းနှင့် အခြားဆက်စပ်သော နိုင်ငံတကာ သဘောတူစာချုပ်များအား ပံ့ပိုးပေးရာ ရောက်သည့်အပြင် အဂတိလိုက်စား မှုတိုက်ဖျက်ရေးတွင် နည်းပညာ အကူအညီနှင့် စွမ်းဆောင်ရည် မြှင့်တင်ရေး ရည်မှန်းချက်ပန်းတိုင်များ တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ အဂတိလိုက်စားမှု လျော့နည်းသွားပါက ရင်းနှီးမြှုပ်နှံမှု နှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု များ ရရှိလာမည်ဖြစ်သဖြင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတကာစံချိန်စံနှုန်းနှင့်အညီ ပညာရပ် တစ်ရပ်အနေဖြင့် လေ့လာဆည်းပူး နိုင်ရန် IACA အဖွဲ့ဝင်ဖြစ်ရေး IACA နိုင်ငံတကာအဖွဲ့အစည်း အနေဖြင့် ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းအား ထောက်ခံ ပါကြောင်း ဆွေးနွေးသည်။
သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင် က မြန်မာနိုင်ငံအနေဖြင့် IACA အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းဖြင့် အစီရင် ခံစာအပိုဒ် ၄ ပါ အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည့်အတွက် ဖွံ့ဖြိုး တိုးတက်ခါစ မိမိတို့နိုင်ငံအနေဖြင့် တိုင်းပြည်တိုးတက်မှုကို အဟန့် အတားဖြစ်စေမည့် အဂတိလိုက်စား မှုကို ထိရောက်စွာ ဟန့်တားနိုင်မည် ဖြစ်ပါကြောင်း။
သဘောတူစာချုပ်တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းဖြင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း သည့် အသိပညာနှင့် လုပ်ငန်းစဉ်များ ကို ပိုမိုသိရှိလာခြင်း၊ IACA က စီစဉ် သည့် ဘွဲ့လွန်သင်တန်းများသို့ စေလွှတ် နိုင်ခြင်းဖြင့် နိုင်ငံတကာက ကျင့်သုံး သည့် စံချိန်စံòန်း အတွေ့အကြုံများ အပြင် လက်တွေ့လေ့ကျင့်မှုများရရှိ ခြင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကို ပညာရပ်တစ်ခုအနေဖြင့် လေ့လာဆည်းပူးနိုင်ရန် အခွင့်အလမ်း များရရှိပြီး ကျွမ်းကျင်ပညာရှင်များ ပေါ်ထွက်လာကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ကာကွယ်တားဆီး ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးသည်။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပန်းတောင်း မဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ နော်လှလှစိုး၊ ဧရာ၀တီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိ ကွန်ချမ်း၊ မြင်းခြံမဲဆန္ဒနယ်မှ ဦးစိန်မြင့်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းနှင့် ကလေး မဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်)ဒေါ်ရှားမီးတို့က ဆွေးနွေးကြသည်။
ထို့နောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေး မှူးက ကော်မရှင်အနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များ၏ သုံးသပ်အကြံ ပြုချက်များအပေါ် အလေးအနက် ထား၍ လိုက်နာဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သဘောတူ စာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင် အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ရေး ကိစ္စကို လွှတ်တော်က အတည်ပြု ပေးပါရန် ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတကာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအကယ်ဒမီ(Inter- national Anti – Corruption Academy-IACA)ကို နိုင်ငံတကာ အဖွဲ့အစည်း ထူထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေးကိစ္စကို အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက် အတည်ပြုခဲ့သည်။
ထို့ပြင် ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ကချင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်း အမြစ်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ဦးဇော်ဝင်းအား ခန့်အပ်တာဝန် ပေးအပ်ခြင်းနှင့် ရန်ကုန်မြောက်ပိုင်း ခရိုင် မှော်ဘီမြို့နယ် ချောင်း၀ကျေးရွာ အုပ်စုရှိ ဆင်းကူး(သိုက်ကုန်း)ကျေးရွာ အား ဧရိယာတိုးချဲ့ပြင်ဆင်ဖွဲ့စည်း ခြင်းကို လွှတ်တော်က မှတ်တမ်းတင် ကြောင်း ကြေညာသည်။
ထို့နောက် အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌက ၆ လတာ ကာလ (၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်မှ ၂၀၁၉ ခုနှစ်၊ ဧပြီ ၉ ရက် အထိ) လုပ်ငန်းဆောင်ရွက်ခဲ့မှု အစီရင် ခံစာနှင့်စပ်လျဉ်း၍ ပါမောက္ခချုပ် များကော်မတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ ပြင်ဆင်ဖွဲ့စည်းခြင်း၊ အခြေခံပညာရေး ကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍ၊ အဆင့်မြင့်ပညာ ရေးကဏ္ဍ၊ လူတိုင်း အကျုံးဝင်ပညာရေး ကဏ္ဍ၊ ပုဂ္ဂလိကပညာရေးကဏ္ဍ၊ ပညာရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ အကြံပြုချက်များ ပေးပို့ခြင်း၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့နှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း၊ အမျိုးသားသင်ရိုးòန်းတမ်း ကော်မတီ၏ ဆောင်ရွက်ချက်များ၊ အမျိုးသားပညာရေးအဆင့်အတန်း နှင့် အရည်အသွေးအာမခံမှု အကဲဖြတ် ရေးကော်မတီ၏ ဆောင်ရွက်ချက် များ၊ ပါမောက္ခချုပ်များကော်မတီ၏ ဆောင်ရွက်ချက်များ၊ ကော်မရှင်ကို ပေးအပ်ထားသော တာဝန်နှင့်လုပ်ပိုင် ခွင့်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု၊ သုံးသပ်အကြံပြု ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ပြည်ထောင်စုလွှတ်တော် နာယက က အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ ၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက်တွင် ကျင်းပ မည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး၌ ဆွေးနွေးရန် လျာထားသဖြင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
သတင်း-မော်စီ၊ မွှေးကြူဇင်
ဓာတ်ပုံ-ထန်းဖုန်

No comments:

Post a Comment