Thursday, August 8, 2019

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Image may contain: 2 people, people standing
နေပြည်တော် ဩဂုတ် ၇
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံ သံအမတ်ကြီး Dr. Khalid Hussain Memon အား ယနေ့နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ပိုမိုပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး
တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်နိုင်မှု အခြေအနေ၊ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ နှစ်နိုင်ငံကုန်သွယ်မှု ပိုမိုတိုးမြှင့်နိုင်ရန်အတွက် အလား အလာရှာဖွေရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
တက်ရောက်
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:

Post a Comment